Wednesday, August 26, 2020

တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်လေယာဉ်က နှောက်ယှက်ခဲ့သည့်ဟု တရုတ်ပြော

တရုတ်တပ်မတော်က စစ်ရေးလေ့ကျင့်နေတဲ့ မြေပြင်ရဲ့အပေါ် no-fly zone ထဲကို အမေရိကန်က U-2 spy လေယာဉ်စေလွှတ်ခဲ့တယ်လို့ တရုတ်စစ်ဖက်က စွပ်စွဲလိုက်ကြောင်း သိရပါတယ်။
အမြင့်ကြီးမှာ ပျံသန်းတဲ့ ကင်းထောက်လေယာဉ်ဟာ ပီကင်းလေပိုင်နက်ထဲ ဝင်လာတယ်လို့ ယူဆတဲ့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း ဌာနချုပ်က ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကန့်သတ်လိုက်ရတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wu Qian က အင်္ဂါနေ့မှာ ကြေညာချက်တစောင်ထုတ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။
ဒီလိုကျုးကျော်ဝင်ရောက်မှုဟာ တရုတ်နိုင်ငံက သာမန်လုပ်နေတဲ့ လေ့ကျင့်မှုကို ထိခိုက်စေတယ်၊ တရုတ်နဲ့ အမေရိကန်ကြားက လေပြင်၊ ရေပြင် လုံခြုံမှုကို ချိုးဖောက်တာဖြစ်တယ်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းကို ချိုးဖောက်တာဖြစ်တယ်လို့ Wu Qian ကပြောပါတယ်။
အမေရိကန် ပစိဖိတ်ဒေသ လေတပ်ရဲ့ ထုတ်ပြန်ချက်အရ U-2 လေယာဉ်တစီးသွားတယ်ဆိုတာ မှန်ကန်ပေမယ့် ဘာ ဥပဒေကိုမှ ချိုးဖောက်ခြင်းမရှိဘူးလို့ ပြောပါတယ်။
U-2 လေယာဉ်ဟာ အင်ဒို-ပစိဖိတ်ဒေသ အော်ပရေးရှင်းအတွက် နိုင်ငံတကာက ခွင့်ပြုထားတဲ့ စည်းကမ်းတွေအတိုင်း၊ လေကြောင်းဥပဒေတွေအတိုင်းသွားခဲ့ပါတယ်။ ပစိဖိတ် လေတပ်အဖွဲ့ဝင်တွေဟာ နိုင်ငံတကာ ဥပဒေကခွင့်ပြုထားတဲ့ ဘယ်နေရာကိုမဆို ဆက်လက် ပျံသန်းမှာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
>>zawgyi<<
တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်လေယာဉ်က နှောက်ယှက်ခဲ့သည့်ဟု တရုတ်ပြော
Thursday, August 27, 2020
တရုတ်တပ်မတော်က စစ်ရေးလေ့ကျင့်နေတဲ့ မြေပြင်ရဲ့အပေါ် no-fly zone ထဲကို အမေရိကန်က U-2 spy လေယာဉ်စေလွှတ်ခဲ့တယ်လို့ တရုတ်စစ်ဖက်က စွပ်စွဲလိုက်ကြောင်း သိရပါတယ်။
အမြင့်ကြီးမှာ ပျံသန်းတဲ့ ကင်းထောက်လေယာဉ်ဟာ ပီကင်းလေပိုင်နက်ထဲ ဝင်လာတယ်လို့ ယူဆတဲ့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း ဌာနချုပ်က ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကန့်သတ်လိုက်ရတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wu Qian က အင်္ဂါနေ့မှာ ကြေညာချက်တစောင်ထုတ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။
ဒီလိုကျုးကျော်ဝင်ရောက်မှုဟာ တရုတ်နိုင်ငံက သာမန်လုပ်နေတဲ့ လေ့ကျင့်မှုကို ထိခိုက်စေတယ်၊ တရုတ်နဲ့ အမေရိကန်ကြားက လေပြင်၊ ရေပြင် လုံခြုံမှုကို ချိုးဖောက်တာဖြစ်တယ်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းကို ချိုးဖောက်တာဖြစ်တယ်လို့ Wu Qian ကပြောပါတယ်။
အမေရိကန် ပစိဖိတ်ဒေသ လေတပ်ရဲ့ ထုတ်ပြန်ချက်အရ U-2 လေယာဉ်တစီးသွားတယ်ဆိုတာ မှန်ကန်ပေမယ့် ဘာ ဥပဒေကိုမှ ချိုးဖောက်ခြင်းမရှိဘူးလို့ ပြောပါတယ်။
U-2 လေယာဉ်ဟာ အင်ဒို-ပစိဖိတ်ဒေသ အော်ပရေးရှင်းအတွက် နိုင်ငံတကာက ခွင့်ပြုထားတဲ့ စည်းကမ်းတွေအတိုင်း၊ လေကြောင်းဥပဒေတွေအတိုင်းသွားခဲ့ပါတယ်။ ပစိဖိတ် လေတပ်အဖွဲ့ဝင်တွေဟာ နိုင်ငံတကာ ဥပဒေကခွင့်ပြုထားတဲ့ ဘယ်နေရာကိုမဆို ဆက်လက် ပျံသန်းမှာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

0 comments:

Post a Comment