Wednesday, August 26, 2020

UNICEF က ထောက်ပံ့ကူညီသည့် ကန်ဒေါ်လာ ၈ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများတင်ဆောင်လာသော အထူးကုန်တင်လေယာဉ် ရောက်ရှိ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့် အမေရိကန်ဒေါ်လာ ၈၃၆၅၆၈ တန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE)နှင့် ဆက်စပ်ပစ္စည်းများကို တင်ဆောင်လာသော အထူး ကုန်တင်လေယာဉ်သည် ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈သန်းခန့်တန်ဖိုးရှိ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ကူညီသွားမည် ဖြစ်ရာ ယမန့်နေ့ခရီးစဉ်မှာ ယင်းအစီအစဉ် ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ် သည်။
ဩဂုတ်၂၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိ လာမည်ဖြစ်ပြီး ယင်းနေ့တွင် ခရီးစဉ် အားလုံး၏ ထောက်ပံ့ကူညီမှုပစ္စည်းများ ကို UNICEF မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
>>zawgyi<<
UNICEF က ထောက်ပံ့ကူညီသည့် ကန်ဒေါ်လာ ၈ သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများတင်ဆောင်လာသော အထူးကုန်တင်လေယာဉ် ရောက်ရှိ
Thursday, August 27, 2020
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့် အမေရိကန်ဒေါ်လာ ၈၃၆၅၆၈ တန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE)နှင့် ဆက်စပ်ပစ္စည်းများကို တင်ဆောင်လာသော အထူး ကုန်တင်လေယာဉ်သည် ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈သန်းခန့်တန်ဖိုးရှိ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံနှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ကူညီသွားမည် ဖြစ်ရာ ယမန့်နေ့ခရီးစဉ်မှာ ယင်းအစီအစဉ် ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ် သည်။
ဩဂုတ်၂၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိ လာမည်ဖြစ်ပြီး ယင်းနေ့တွင် ခရီးစဉ် အားလုံး၏ ထောက်ပံ့ကူညီမှုပစ္စည်းများ ကို UNICEF မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment