ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း၌ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ခိုးဝင်လာသည့် ရခိုင်မြောက်ပိုင်းမှဘင်္ဂါလီ ၄၂ ဦးဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာရှိ ခုနှစ်စင်ဂူမြစ်ကြောင်း ကြပ်ပြေးဝ၌ စက်လှေတစ်စီးဖြင့် ခိုးဝင်လာသည့် ရခိုင်မြောက်ပိုင်းမှဘင်္ဂါလီ ၁၁ ဦး မ ၂၉ဦး ကလေး ကျား ၁ ဦး မ ၁ဦးစုစုပေါင်း ၄၂ ဦးနှင့် စက်လှေမောင်းနှင့်သည့် ရခိုင် ၄ ဦး ဗမာ ၁ ဦးတို့ကို ရဲတပ်ဖွဲ့မှဖမ်းမိခဲ့ကြောင်းလဲသိရသည်။
၎င်းတို့ကို ထားရှိမည့်နေရာအား မသိရှိရသေးကြောင်းနှင့် ၎င်းတို့မှာ ကန့်သတ်စောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ ဇွန် ၂၄ ရက်နေ့ကလည်း မြောင်းမြခရိုင်၊ မြောင်းမြို့နယ်အတွင်း၌ ရခိုင်မြောင်းပိုင်းမှ ဘင်္ဂါလီ ၁၈ ဦး ဖမ်းမိခဲ့သေးကြောင်း တိုင်းရဲဖွဲ့ရုံး၌ မှတ်တမ်းများအရသိရသည်။
crd-Ayeyarwaddy_Times #Myanmar_Online_News #မော်လမြိုင်ကျွန်း
>>zawgyi<<
မော်လမြိုင်ကျွန်းမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၄၂ ဦး ဖမ်းမိ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း၌ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ခိုးဝင်လာသည့် ရခိုင်မြောက်ပိုင်းမှဘင်္ဂါလီ ၄၂ ဦးဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာရှိ ခုနှစ်စင်ဂူမြစ်ကြောင်း ကြပ်ပြေးဝ၌ စက်လှေတစ်စီးဖြင့် ခိုးဝင်လာသည့် ရခိုင်မြောက်ပိုင်းမှဘင်္ဂါလီ ၁၁ ဦး မ ၂၉ဦး ကလေး ကျား ၁ ဦး မ ၁ဦးစုစုပေါင်း ၄၂ ဦးနှင့် စက်လှေမောင်းနှင့်သည့် ရခိုင် ၄ ဦး ဗမာ ၁ ဦးတို့ကို ရဲတပ်ဖွဲ့မှဖမ်းမိခဲ့ကြောင်းလဲသိရသည်။
၎င်းတို့ကို ထားရှိမည့်နေရာအား မသိရှိရသေးကြောင်းနှင့် ၎င်းတို့မှာ ကန့်သတ်စောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။ ဇွန် ၂၄ ရက်နေ့ကလည်း မြောင်းမြခရိုင်၊ မြောင်းမြို့နယ်အတွင်း၌ ရခိုင်မြောင်းပိုင်းမှ ဘင်္ဂါလီ ၁၈ ဦး ဖမ်းမိခဲ့သေးကြောင်း တိုင်းရဲဖွဲ့ရုံး၌ မှတ်တမ်းများအရသိရသည်။
0 comments:
Post a Comment