Thursday, August 27, 2020

ရုရှားနိုင်ငံက ကိုယ်ပျောက်လေထီးများဖန်တီးရန် လေ့လာ

ရုရှားနိုင်ငံက ညကြည့်ကိရိယာများဖြင့်မမြင်နိုင်သည့်လေထီးများဖန်တီးရန် လုပ်ဆောင်နေကြောင်း သိရသည်။
“လေထီးစနစ်အဖုံးစတွေနဲ့ကြိုးတွေထုတ်လုပ်ရာမှာသုံးတဲ့အခြေခံအဝတ်စတွေရဲ့ရုပ်ဝတ္ထုပိုင်းတွေကို ဓာတုဆေးနဲ့ဖြန်းပြီး ညကြည့်ကိရိယာတွေနဲ့မမြင်နိုင်အောင်လုပ်တာနဲ့ သူတို့ကိုလေထီးစနစ်မှာအသုံးပြုဖို့ အခုလေ့လာနေပါတယ်။”ရုရှားအစိုးရပိုင်နည်းပညာကော်ပိုရေးရှင်း Rostec(ရော့စ်တက်ခ်) ၏တစိတ်တပိုင်းဖြစ်သည့် Technodinamika (တက်ခ်နိုဒီနာမီကာ) ၏ အမှုဆောင်အရာရှိချုပ် အီဂေါ နာဆန်ကော့ဗ်က Army-2020 ဖိုရမ်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
လေထီးစများနှင့်ကြိုးများထုတ်လုပ်သည့်အဆင့်တွင် အထူးပြင်းအားမြင့်နည်းပညာများအသုံးပြုခြင်းအားဖြင့် ကိုယ်ပျောက်သည့်စွမ်းရည်ရနိုင်ပြီး လက်ရှိတွင်လည်း ညကြည့်ကိရိယာများဖြင့်မမြင်ရသည့်လေထီးကျောပိုးအိတ်နမူနာများရှိနေကြောင်းလည်း နာဆန်ကော့ဗ်ကရှင်းပြသည်။
>>zawgyi<<
ရုရှားနိုင်ငံက ကိုယ်ပျောက်လေထီးများဖန်တီးရန် လေ့လာ
Friday, August 28, 2020
ရုရှားနိုင်ငံက ညကြည့်ကိရိယာများဖြင့်မမြင်နိုင်သည့်လေထီးများဖန်တီးရန် လုပ်ဆောင်နေကြောင်း သိရသည်။
“လေထီးစနစ်အဖုံးစတွေနဲ့ကြိုးတွေထုတ်လုပ်ရာမှာသုံးတဲ့အခြေခံအဝတ်စတွေရဲ့ရုပ်ဝတ္ထုပိုင်းတွေကို ဓာတုဆေးနဲ့ဖြန်းပြီး ညကြည့်ကိရိယာတွေနဲ့မမြင်နိုင်အောင်လုပ်တာနဲ့ သူတို့ကိုလေထီးစနစ်မှာအသုံးပြုဖို့ အခုလေ့လာနေပါတယ်။”ရုရှားအစိုးရပိုင်နည်းပညာကော်ပိုရေးရှင်း Rostec(ရော့စ်တက်ခ်) ၏တစိတ်တပိုင်းဖြစ်သည့် Technodinamika (တက်ခ်နိုဒီနာမီကာ) ၏ အမှုဆောင်အရာရှိချုပ် အီဂေါ နာဆန်ကော့ဗ်က Army-2020 ဖိုရမ်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
လေထီးစများနှင့်ကြိုးများထုတ်လုပ်သည့်အဆင့်တွင် အထူးပြင်းအားမြင့်နည်းပညာများအသုံးပြုခြင်းအားဖြင့် ကိုယ်ပျောက်သည့်စွမ်းရည်ရနိုင်ပြီး လက်ရှိတွင်လည်း ညကြည့်ကိရိယာများဖြင့်မမြင်ရသည့်လေထီးကျောပိုးအိတ်နမူနာများရှိနေကြောင်းလည်း နာဆန်ကော့ဗ်ကရှင်းပြသည်။

0 comments:

Post a Comment