Thursday, August 27, 2020

ပျော်ဘွယ်အမှတ်(၈) အထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန်တစ်ဦး ခန့်အပ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တောင်းဆို

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်အမှတ်(၈) အထည်ချုပ်စက်ရုံအတွင်းရှိ ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန်အတွက် လစ်လပ်လျက်ရှိသည့် လက်ထောက်ဆရာဝန်တစ်ဦး ခန့်အပ်ပေးရန်နှင့် လစဉ် လိုအပ်သည့် ဆေးဝါးများကို နိုင်ငံတော်မှ ထောက်ပံ့ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ စက်ရုံဝန်ထမ်းများအနေဖြင့် မိမိတို့လစာထဲမှ လစဉ် ၂ ရာခိုင်နှုန်း စက်ရုံမှ ၃ ရာခိုင်နှုန်း စုဆောင်းကာ နိုင်ငံတော်သို့ လူမှုဖူလုံရေးရန်ပုံငွေအဖြစ် လစဉ်ပျှမ်းမျှ ၂.၈၅၃ သန်းခန့် နိုင်ငံတော်သို့ ပေးသွင်းလျက်ရှိကြောင်း သိရသည်။
ယင်းသို့ လူမှုဖူလုံရေးပေးသွင်းနေရသော်လည်း နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာပါက စက်ရုံနှင့် ၂၈ မိုင်ခန့်ဝေးသည့် မိတ္ထီလာမြို့ရှိ လူမှုဖူလုံရေးဆေးခန်းတွင် သွားရောက်ပြသနေရသလို အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက မန္တလေးမြို့အထိ သွားနေရသည့်အတွက် ဝန်ထမ်းများအနေဖြင့် အချိန်ကုန်ငွေကုန်မှုများဖြစ်ပေါ်နေကြောင်း ၎င်းက ရှင်းပြသည်။
ယခင်က အဆိုပါစက်ရုံ၏ ဖွဲ့စည်းပုံအရ ကျန်းမာရေးဌာနခွဲတွင် လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြု နှစ်ဦး ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် လက်ထောက်ဆရာဝန် ပြောင်းရွှေ့သွားခဲ့ပြီးနောက် သူနာပြုတစ်ဦးသာ ကျန်ရှိကာ ဝန်ထမ်းများအတွက် လိုအပ်သည့်ဆေးဝါးများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ခြင်းမရှိဘဲ စက်ရုံစေတနာရှင်များနှင့် ဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် ဆေးဝါးများကိုသာ အသုံးပြုနေရသည့်အတွက် လိုအပ်သည့် လက်ထောက်ဆရာဝန်တစ်ဦးနှင့် ဆေးဝါးများကို နိုင်ငံတော်မှ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး မေးမြန်းတောင်းဆိုမှုနှင့် ပတ်သက်၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ကုသရေးဌာနအောက်ရှိ တိုက်နယ်ဆေးရုံး ၂၁၂ ရုံတွင်ပင် လိုအပ်လျက်ရှိသည့် ဆရာဝန်ခန့်အပ်နိုင်ခြင်းမရှိသေးသည့်အတွက် ပျော်ဘွယ်အထည်ချုပ်စက်ရုံတွင် လိုအပ်သည့် ဆရာဝန်အား ခန့်အပ်နိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖြေကြားမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ “စက်ရုံရဲ့ဝန်ထမ်းတွေကျန်းမာရေးစောင့်ရှောက်ဖို့မေးတာဖြစ်တဲ့အတွက် လောလောဆယ် ဆရာဝန်၊ ဆေး မရရှိသေးဘူးဆိုရင်လည်း ၂၈ မိုင်လောက်ဝေးတဲ့ လူမှုဖူလုံရေးဆေးခန်းနဲ့ မန္တလေးတို့မှာ ကုသနိုင်ဖို့အတွက် ဒီစက်ရုံမှာ လူနာတင်ကားတစ်စီးလောက်တွဲဖက်ထားပေးနိုင်ခြင်းရှိမရှိ ဆက်စပ်မေးခွန်အဖြစ်မေးမြန်လိုပါတယ်”ဟု ၎င်းက ထပ်မံတင်ပြခဲ့သည်။
အဆိုပါ စက်ရုံအတွင်း လူနာတင်ကား ထားရှိနိုင်ရေးကိစ္စအတွက် ဆက်စပ်မေးခွန်းနှင့်ပတ် သက်၍ ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာနကိုတင်ပြကာ ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
crd-Competitor #Myanmar_Online_News #အမှတ်(၈)အထည်ချုပ်စက်ရုံ #ဦးသောင်း
>>zawgyi<<
ပျော်ဘွယ်အမှတ်(၈) အထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန်တစ်ဦး ခန့်အပ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တောင်းဆို
Thursday, August 27, 2020
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်အမှတ်(၈) အထည်ချုပ်စက်ရုံအတွင်းရှိ ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန်အတွက် လစ်လပ်လျက်ရှိသည့် လက်ထောက်ဆရာဝန်တစ်ဦး ခန့်အပ်ပေးရန်နှင့် လစဉ် လိုအပ်သည့် ဆေးဝါးများကို နိုင်ငံတော်မှ ထောက်ပံ့ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ စက်ရုံ ဝန်ထမ်းများအနေဖြင့် မိမိတို့လစာထဲမှ လစဉ် ၂ ရာခိုင်နှုန်း စက်ရုံမှ ၃ ရာခိုင်နှုန်း စုဆောင်းကာ နိုင်ငံတော်သို့ လူမှုဖူလုံရေးရန်ပုံငွေအဖြစ် လစဉ် ပျှမ်းမျှ ၂.၈၅၃သန်းခန့် နိုင်ငံတော်သို့ ပေးသွင်းလျက်ရှိကြောင်း သိရသည်။
ယင်းသို့ လူမှုဖူလုံရေး ပေးသွင်းနေရသော်လည်း နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာပါက စက်ရုံနှင့် ၂၈ မိုင်ခန့်ဝေးသည့် မိတ္ထီလာ မြို့ရှိ လူမှုဖူလုံရေးဆေးခန်းတွင် သွားရောက်ပြသနေရသလို အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက မန္တလေးမြို့အထိ သွားနေရသည့်အတွက် ဝန်ထမ်းများအနေဖြင့် အချိန်ကုန် ငွေကုန်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ရှင်းပြသည်။
ယခင်က အဆိုပါစက်ရုံ၏ ဖွဲ့စည်းပုံအရ ကျန်းမာရေးဌာနခွဲတွင် လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြု နှစ်ဦး ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် လက်ထောက်ဆရာဝန် ပြောင်းရွှေ့သွားခဲ့ပြီးနောက် သူနာပြုတစ်ဦးသာ ကျန်ရှိကာ ဝန်ထမ်းများအတွက် လိုအပ်သည့်ဆေးဝါးများကိုလည်း နိုင်ငံတော်မှ ထောက်ပံ့ခြင်းမရှိဘဲ စက်ရုံစေတနာရှင်များနှင့် ဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် ဆေးဝါးများကိုသာ အသုံးပြုနေရသည့်အတွက် လိုအပ်သည့် လက်ထောက်ဆရာဝန်တစ်ဦးနှင့် ဆေးဝါးများကို နိုင်ငံတော်မှ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး မေးမြန်းတောင်းဆိုမှုနှင့် ပတ်သက်၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ကုသရေးဌာနအောက်ရှိ တိုက်နယ်ဆေးရုံး ၂၁၂ ရုံတွင်ပင် လိုအပ်လျက်ရှိသည့် ဆရာဝန် ခန့်အပ်နိုင်ခြင်းမရှိသေးသည့်အတွက် ပျော်ဘွယ် အထည်ချုပ်စက်ရုံတွင် လိုအပ်သည့် ဆရာဝန်အား ခန့်အပ်နိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖြေကြားမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ “စက်ရုံရဲ့ဝန်ထမ်းတွေကျန်းမာရေးစောင့်ရှောက်ဖို့မေးတာဖြစ်တဲ့အတွက် လောလောဆယ် ဆရာဝန်၊ ဆေး မရရှိသေးဘူးဆိုရင်လည်း ၂၈ မိုင်လောက်ဝေးတဲ့ လူမှုဖူလုံရေးဆေးခန်းနဲ့ မန္တလေးတို့မှာ ကုသနိုင်ဖို့အတွက် ဒီစက်ရုံမှာ လူနာတင်ကားတစ်စီးလောက်တွဲဖက်ထားပေးနိုင်ခြင်းရှိမရှိ ဆက်စပ်မေးခွန်အဖြစ်မေးမြန်လိုပါတယ်”ဟု ၎င်းက ထပ်မံတင်ပြခဲ့သည်။
အဆိုပါ စက်ရုံအတွင်း လူနာတင်ကား ထားရှိနိုင်ရေးကိစ္စအတွက် ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာနကို တင်ပြကာ ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
crd-Competitor #Myanmar_Online_News
#အမှတ်
(၈)အထည်ချုပ်စက်ရုံ
#ဦးသောင်း

0 comments:

Post a Comment