ဩဂုတ်လ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်းရှိ တရုတ်၏ဆောက်လုပ်ရေးလုပ်ငန်းများတွင်ပါဝင်နေသည့် တရုတ်ကုမ္ပဏီ ၂၄ ခုအား အမည်ပျက်စာရင်း Entity List ထဲသို့ ထည့်သွင်းခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောတရားဝင်ကြေညာချက်တွင်ဖော်ပြထားပါသည်။
ထိုအချိန်အတွင်း ဆောက်လုပ်ရေးတွင်ပါဝင်သော တရုတ်နိုင်ငံသားများအား ဗီဇာကန့်သတ်ချက်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအပေါ်ဖိနှိပ်ခြင်းများကို ရပ်တန့်ရန်နှင့် နှစ် နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမှုများနှင့် နှစ်နိုင်ငံပြည်သူများ၏ကောင်းကျိုးအတွက် အခွင့်အလမ်းများစွာကိုဖန်တီးပေးရန် တိုက်တွန်းခဲ့ပါသည်။
ဩဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဝမ်ရိမှ တောင်တရုတ်ပင်လယ်သည် ဒေသတွင်းနိုင်ငံများအတွက် အခွင့် အလမ်းတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာနိုင်ငံရေးခံယူချက်အတွက် အပြန်အလှန် အငြင်းပွားနေမှုများ မဖြစ်သင့်ကြောင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် အငြင်းပွားဖွယ်ရာလုပ်ရပ် အချို့ကိုလုပ်ဆောင်ခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုတွင် ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဝမ်ရိမှ ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ်သည် လွန်ခဲ့သောနှစ်က တောင်တရုတ်ပင်လယ်အား စစ်တပ်၏ လွှမ်းမိုးမှုအမှတ်အသားကိုလည်းပယ်ချခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ၏ပူးတွဲကြိုးပမ်းမှုများအရ တောင်တရုတ်ပင်လယ်အတွင်း အခြေအနေသည် တည်ငြိမ် မှုများရှိနေပြီး တိုးတက်မှုများရှိနေကြောင်းပြောကြားခဲ့ပါသည်
>>zawgyi<<
အမေရိကန်နိုင်ငံသည် တရုတ်ကုမ္ပဏီ ၂၄ ခုကို အမည်ပျက်စာရင်းEntity List သွင်းခဲ့
Thursday, August 27, 2020
ဩဂုတ်လ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်းရှိ တရုတ်၏ဆောက်လုပ်ရေးလုပ်ငန်းများတွင်ပါဝင်နေသည့် တရုတ်ကုမ္ပဏီ ၂၄ ခုအား အမည်ပျက်စာရင်း Entity List ထဲသို့ ထည့်သွင်းခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောတရားဝင်ကြေညာချက်တွင်ဖော်ပြထားပါ သည်။
ထိုအချိန်အတွင်း ဆောက်လုပ်ရေးတွင်ပါဝင်သော တရုတ်နိုင်ငံသားများအား ဗီဇာကန့်သတ်ချက်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအပေါ်ဖိနှိပ်ခြင်းများကို ရပ်တန့်ရန်နှင့် နှစ် နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမှုများနှင့် နှစ်နိုင်ငံပြည်သူများ၏ကောင်းကျိုးအတွက် အခွင့်အလမ်းများစွာကိုဖန်တီးပေးရန် တိုက်တွန်းခဲ့ပါသည်။
ဩဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဝမ်ရိမှ တောင်တရုတ်ပင်လယ်သည် ဒေသတွင်းနိုင်ငံများအတွက် အခွင့် အလမ်းတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာနိုင်ငံရေးခံယူချက်အတွက် အပြန်အလှန် အငြင်းပွားနေမှုများ မဖြစ်သင့်ကြောင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် အငြင်းပွားဖွယ်ရာလုပ်ရပ် အချို့ကိုလုပ်ဆောင်ခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုတွင် ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဝမ်ရိမှ ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ်သည် လွန်ခဲ့သောနှစ်က တောင်တရုတ်ပင်လယ်အား စစ်တပ်၏ လွှမ်းမိုးမှုအမှတ်အသားကိုလည်းပယ်ချခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ၏ပူးတွဲကြိုးပမ်းမှုများအရ တောင်တရုတ်ပင်လယ်အတွင်း အခြေအနေသည် တည်ငြိမ် မှုများရှိနေပြီး တိုးတက်မှုများရှိနေကြောင်းပြောကြားခဲ့ပါသည်
0 comments:
Post a Comment