မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို က ပြောကြားချက်အရ သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်ကစ၍ ခေတ္တယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းကာလတွင် မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက အွန်လိုင်းဖြင့်ချိတ်ဆက်၍ ဆင်စခန်းပိတ်ထားသည့်ကာလအတွင်း ဆင်ဘူဖေး ကျွေးကြရာ ယခုအခါ အကြိမ် (၇၀)ကျော်ထိရှိလာသည့်အပြင် နောက်ထပ် ကျွေးမွေးရန်လည်း အွန်လိုင်းက ကြိုတင်ချိတ်ဆက်မှုများရှိကြောင်း ဦးမျိုးမင်းကိုကပြောသည်။
တစ်နိုင်ငံလုံးတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိပြီး ဆင်စာဘူဖေးကျွေး မွေးလှူဒါန်းလိုပါက ဆင်စခန်း အမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
>>zawgyi<<
ကိုဗစ်ကြောင့် ပိတ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များကို ဆင်စာဘူဖေးကျွေးမှု (၇၀)ကြိမ်ကျော်ရှိလာ
Thursday, August 27, 2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စ ခန်းတာဝန်ခံ ဦးမျိုးမင်းကို က ပြောကြားချက်အရ သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်ကစ၍ ခေတ္တယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းကာလတွင် မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက အွန်လိုင်းဖြင့်ချိတ်ဆက်၍ ဆင်စခန်းပိတ်ထားသည့်ကာလအတွင်း ဆင်ဘူဖေး ကျွေးကြရာ ယခုအခါ အကြိမ် (၇၀)ကျော်ထိရှိလာသည့်အပြင် နောက်ထပ် ကျွေးမွေးရန်လည်း အွန်လိုင်းက ကြိုတင်ချိတ်ဆက်မှုများရှိကြောင်း ဦးမျိုးမင်းကိုကပြောသည်။
တစ်နိုင်ငံလုံးတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိပြီး ဆင်စာဘူဖေးကျွေး မွေးလှူဒါန်းလိုပါက ဆင်စခန်း အမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment