ဘောလီးဝုဒ်နာမည်ကျော် သရုပ်ဆောင် အသက် ၇၇ နှစ်အရွယ် အမီတာ ဘတ်ချန်းသည် COVID-19 ကူးစက်ခံရပြီးနောက် ရက်သတ္တပတ်သုံးပတ်ကြာ ကုသမှုခံယူကာ ရောဂါသက်သာသဖြင့် သြဂုတ် ၂ ရက်တွင် မွမ်ဘိုင်းရှိ ဆေးရုံတစ်ရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။
ဖခင်ဖြစ်သူ ရောဂါပိုးကင်းစင်ပြီဖြစ်သောကြောင့် နေအိမ်မှာပင် အနားယူမည်ဖြစ်ကြောင်း နာနာဝတီအထူးကုဆေးရုံ၌ COVID-19 ဖြင့် ဆေးကုသမှုခံယူနေသည့် သားဖြစ်သူ အဗီရှက် ဘတ်ချန်းက တွစ်တာ၌ ရေးသားခဲ့သည်။ သားအဖနှစ်ဦးသည် ဇူလိုင် ၁၁ ရက်တွင် ဆေးရုံ၌ စတင်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
အဗီရှက်ဘတ်ချန်း၏ဇနီး အိုင်ရှဝါယ ရိုင် ဘတ်ချန်းနှင့် အသက် ရှစ်နှစ်အရွယ် သမီးဖြစ်သူတို့သည်လည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော်လည်း ပြန်လည်သက်သာလာသဖြင့် လွန်ခဲ့သောအပတ်တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။ အမီတာ ဘတ်ချန်း၏ဇနီး ဇယာမှာမူ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိခဲ့ချေ။
Crd : AP
0 comments:
Post a Comment