Tuesday, August 4, 2020

သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည့် NNDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့် ပိုင်ဆိုင်မှုများကို မီဒီယာများမှတဆင့် ပြည်သူထံချပြရှင်းလင်းကာ ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း သိရ

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည့် NNDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ၎င်း၏ ပိုင်ဆိုင်မှုများကို မီဒီယာများထံမှတဆင့် ပြည်သူသိအောင်ချပြ ရှင်းလင်းမည်ဖြစ်ကြောင်းသိရသည်။
“တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဝင်ပြိုင်မယ်။ မင်္ဂလာဒုံမှာလည်းဝင်ပြိုင်မယ်။ သင်္ဃန်းကျွန်းမှာ လည်းဝင်ပြိုင်မယ်။ ပိုင်ဆိုင်မှုချပြမယ်ဆိုတာက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းသွင်းပြီး အားလုံးပြီး သွားလို့ရှိရင်တော့ မီဒီယာအချို့ကို ဖိတ်မယ်။ အကုန်လုံးတော့မဖိတ်ဘူး။ ကျွန်တော်ပြောတဲ့သတင်းမီဒီယာတချို့တော့ဖိတ်မယ်”ဟု ၎င်းကပြောသည်။
ဦးသိန်းညွန့်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ ခြင်းလည်းဖြစ်သည်။
“သင်္ဃန်းကျွန်းမှာ ပြည်သူက ဦးသိန်းညွန့်ပြိုင်မယ်။ တိုင်းဒေသကြီး မဲဆန္ဒနယ် ၁ က ကျွန်တော်ဝင်ပြိုင်မယ်။ မင်္ဂလာဒုံက ဦးဇော်ဦးပြိုင်မယ်။ နိုင်မဲ့နေရာရွေးပြီးပြိုင်တာပေါ့။ပါတီ CEC ကဆုံးဖြတ်ချက်အတိုင်းပေါ့”ဟု ရွေးကောက်ပွဲပြိုင်မည့်အကြောင်းအား ပါတီပြောရေးဆိုခွင့်ရှိသူ နေဝင်းသန်းကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲဝင်မည့်အကြောင်းအရာနှင့်ပတ်သက်၍ သြဂုတ်လ၄ရက် people media ကဆက်သွယ် မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားခဲ့ခြင်းဖြစ်သည်။
Crd : People

0 comments:

Post a Comment