ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သော ARSA အ ကြမ်းဖက်သမားများ၏ ဖြစ်စဉ် မှန်အပေါ် Amnesty Interna-tional အဖွဲ့အစည်းမှ သုံးသပ် ချက်များသည် မြန်မာနိုင်ငံမှ ထုတ်ပြန်ထားမှုထက် ၁၀ လခန့်နောက် ကျသည့်သဘော တွေ့ရှိရသည်ဟုနိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့ သော ဖြစ်စဉ်တွင် ARSA အဖွဲ့ အစည်း၏ အကြမ်းဖက်လုပ်ရပ် များနှင့်ပတ်သက်၍ ဟိန္ဒူဘာသာ ဝင် ၅၄ ဦးကို မေးမြန်းချက်များ ပါဝင်သော အစီရင်ခံစာတစ် စောင်ကို မေလ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအစီရင်ခံစာတွင် ၂၀၁၇ ဩဂုတ်က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအနောက်ပိုင်း ခမောင်းဆိပ်ကျေး ရွာရှိ ဟိန္ဒူအမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၂၃ ဦးနှင့် အသက် (၈)နှစ်အောက် အရွယ်ကလေး ၁၄ ဦးတို့ကို ARSA အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
လုံခြုံရေးကောင်စီနှင့် ကုလ သမဂ္ဂစာမျက်နှာများတွင် ရခိုင် အရေးနှင့်ပတ်သက်၍ အစဉ်တ စိုက် ဝေဖန်စွပ်စွဲအပြစ်တင်နေ သော ဗြိတိန်နိုင်ငံမှ အခြေစိုက်အဖွဲ့အစည်းတစ်ခုက ယင်းသို့ ဖော်ထုတ်ပေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ ဖြေရှင်းချက်များသည် မမှားသည့်သဘောကို ပေါ်လွင်နေ သည်ဟု ၎င်းက ဆိုသည်။
‘‘မနေ့ညက Amnesty International က Report အသစ်ထွက်ပါတယ်။ ဒါတွေက ကျွန် တော်တို့ အစိုးရအနေနဲ့ ထုတ်ပြန် ပြီးသားဖြစ်စဉ်တွေဖြစ်ပါတယ်။ အချိန်အတိုင်းအတာအားဖြင့် တော့ ကိုးလလောက်၊ ၁၀ လ လောက်အချိန်ယူခဲ့တဲ့ သဘော တော့ရှိတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
မေလ ၂၃ ရက်က နေပြည် တော်တွင် အစိုးရသက်တမ်း ၂ နှစ်အတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ထွက်ရှိလာသော Report နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အကြမ်းဖက်လက်နက်ကိုင် အုပ်စုက လူပေါင်းများစွာကို အစု လိုက်၊ အပြုံလိုက် သတ်ဖြတ်သော သက်သေအထောက်အထားအ သစ်များ တွေ့ရှိသည်ဆိုသော ခေါင်းစဉ်ဖြင့် Amnesty Inter-national အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။
‘‘မည်သို့ပင်ဖြစ်စေ AmnestyInternational ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အမှန်တွေကို ဖော်ပြပေးခဲ့တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုပါတယ်’’ဟု ဦးဇော်ဌေးကပြောသည်။
သို့သော် ယင်းအဖွဲ့အစည်း အချိန်ယူပြင်ဆင်နေသည့် ကြား ကာလ၌ နိုင်ငံတကာတွင် မြန်မာ နိုင်ငံ၏ ပုံရိပ်များစွာကျဆင်းခဲ့ ကြောင်း ၎င်းက ပြောသည်။
ယင်းအတွက် ပြည်တွင်းမီဒီ ယာများအပါအဝင် နိုင်ငံတကာ သို့ ပေါက်ရောက်သည့် မီဒီယာ များအနေဖြင့် အစိုးရဘက်သို့ ဘက်လိုက်ရေးပေးရန်မလိုဘဲ သတင်းဖြစ်စဉ်အမှန်အတိုင်းသာ ရေးပေးရန် ဦးဇော်ဌေးက မေတ္တာ ရပ်ခံသည်။
မြန်မာနိုင်ငံသို့ လာရောက် သော လုံခြုံရေးကောင်စီအဖွဲ့ဝင် များ၏ ခရီးစဉ်နှင့်ပတ်သက်၍ မကြာမီက ကျင်းပသော လုံခြုံရေး ကောင်စီအစည်းအဝေး၌ ARSA အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို နိုင်ငံတကာက စုံစမ်းစစ် ဆေးသင့်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တိုက်တွန်း ပြောဆိုခဲ့သည်။
7Day
0 comments:
Post a Comment