အမှိုက်များမြို့နယ်အချို့တွင် ပုံနေခြင်းမှာ တစ်မြို့နယ်အတွက် အမှိုက်သိမ်းယာဉ် နှစ်စီးသာရှိခြင်းဖြစ် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံဌာနမှ တာဝန်ရှိသူတစ်ဦး က အကုန်သိ သတင်းမီဒီယာသို့ မေလ ၃ ရက်တွင် ပြောသည်။
အဆိုပါ အမှိုက်သိမ်းယာဉ် လောက်မှုမရှိ၍ ညပိုင်းတွင် အမှိုက်သိမ်းယာဉ်ကြီးများဖြင့် မြို့ပတ်ကာ လိုက်လံသိမ်းယူမှုများလည်း ရှိကြောင်း သိရသည်။
’’လက်ရှိ လည်း အမှိုက်သိမ်းယာဉ်တွေ ထပ်ဝယ်ဖို့ စီစဉ်ထားပါတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာန မှ အရာထမ်းတစ်ဦး က အတည်ပြုပြောသည်။
လက်ရှိတွင် အမှိုက်ကန်များ တွင် မီးဖိုချောင်အမှိုက်နှင့် အိမ်တွင်းသုံး အမှိုက်များသာ စွန့်ပစ်ရန် ခွင့်ပြုထားပြီး သစ်ကိုင်းခြောက်နှင့် စီးပွားရေးသုံးအမှိုက်များကိုမူ သီးသန့် စွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားရာတွင်လည်း အမှိုက်များစွန့်ပစ်မှုတွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ထစ်ခနဲရှိ အရေးမယူတော့ပဲ အသိပညာပေးမှုဖြင့် ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ပြောကြားထားသည်။
မင်းသီဟန်( အကုန်သိသတင်းဌာန)
0 comments:
Post a Comment