Thursday, May 3, 2018

အမျိုးသားရေးနှင့် ပတ်သက်ပြီး NLD ပါတီ ကျဉ်းထဲကြပ်ထဲ ရောက်နေသည်ဟု မခံစားမိကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဆို


အမျိုးသားရေးနှင့်ပတ်သက်ပြီး NLD ပါတီသည် ကျဉ်းထဲ ကြပ်ထဲသို့ ရောက်ရှိ နေသည်ဟု မခံစားမိကြောင်း မေလ၃ ရက်တွင် အကုန်သိ သတင်းဌာန သို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

’’ကျွန်တော်တို့ပြောရရင် ဘေးကြပ်နံကြပ်တော့ မဟုတ်ဘူး။ ရင်ဆိုင်နေရတဲ့ အခြေအနေက NLD ကတော့ ကိုယ့်တိုင်းပြည်ကိုယ့် အခြေအနေနဲ့ အားလုံး လက်ခံနိုင်တဲ့ အတိုင်းအတာကို ရအောင်ဆောင်ရွက်မှာပဲ ။ ၂၀၂၀ အတွက် ရွေးကောက်ပွဲ အခြေအနေ ဆိုတာကတော့ ပြည်သူလူထုပေါ် မူတည်တာပဲ။ ယနေ့ထက်ထိ ကျန်တဲ့ အချိန်အတွင်းမှာတော့ ပြည်သူလူထုအတွက် အစွမ်းကုန် လုပ်ပေးမှာပဲ။ ရွေးချယ်ခြင်းက ပြည်သူလူထုပေါ်မူတည်ပါတယ်။ ဘင်္ဂါလီ ကိစ္စကတော့ နိုင်ငံသားအတည်ပြုတာက လူဝင်မှုကြီးကြပ်ရေးကိစ္စပေါ့။ လက်ရှိအစိုးရလက်ထက်မှာ NVC ကဒ်ပေါ့။ နိုင်ငံသားဖြစ်မဖြစ် လ၀က အတည်ပြုလိမ့်မယ်။ အစိုးရကတော့ လူမျိုးခွဲခြားတာ နိုင်ငံခွဲခြားတာ လုပ်မှာ မဟုတ်ဘူး’’ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည်ဖြစ်သော ဘင်္ဂါလီများကို NVCကဒ်ထုတ်ပေးကာ ငါးလအတွင်း နိုင်ငံသားပေးမည်ဟု ကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေး လူမှုဝန်ထမ်း ၀န်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေး က ပြောကြားထားသော်လည်း ၄င်းတို့အား စိစစ်အတည်ပြုပြီးမှသာ အကန့်အသတ်ဖြင့် သွားလာခွင့် စည်းကမ်းနှင့် သွားလာခွင့်တို့ကို ဆိုလိုကြောင်း ပြန်လည်ရှင်းလင်းထားသည်။

ပြည်ခိုင်ဖြိုးပါတီမှလည်း အစိုးရအနေဖြင့် ဘင်္ဂါလီများကို NVC ကဒ်ကိုင်ဆောင်ခွင့်ပေးကာ ငါးလအတွင်းနိုင်ငံသားပေး၍ လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟု ပြောကြားချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတ ထံ နိုင်ငံရေးပါတီ နှစ်ဆယ်ကျော်နှင့်အတူ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်းသိရသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment