Friday, May 4, 2018

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာမည့်ရက်သတ္တပတ်အတွင်း လာရောက်ရန်ရှိ


အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က အိန္ဒိယနိုင်ငံ ၀န်ကြီးချူပ် ရာရင်ဒါမိုဒီနှင့် နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည်။


အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရင်ဒါမိုဒီအနေဖြင့် မေ ၁၁ မှ ၁၂ ရက်အထိ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံ နီပေါသို့ သွားရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မေ ၁၀ မှ ၁၁ နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီင်္း၏ နှစ်ရက်တာ မြန်မာပြည်ခရီးစဉ်အတွက် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စအပါအ၀င် ဒေသတွင်းကိစ္စများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဖွယ်ရှိပြီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောက်ရွက်ရေးကိစ္စများ ဆွေးနွေးသွားဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr.Raveeh Kumar က ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမျိုးမျိုးသော နှစ်နိုင်ငံ အကျိုးတူဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် ဘက်ပေါင်းစုံက နှစ်ဖက်အကျိုးစီးပွားရေးကိစ္စများကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို အသေးစိတ်အစီအစဉ်ကို မဖော်ပြပဲပြောသွားသည်။

Kumar က ဆက်လက်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒါမိုဒီ၏ ၂၀၁၇ စက်တင်ဘာလတွင် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆုံးဖြတ်ချက်ချခဲ့သည့် ကိစ္စများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ် ဆွေးနွေးဖွယ်ရှိကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကီလိုမီတာ ၁၆၄၀ ခန့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း သိရသည်။

Source: The Asian Age,first post
The Ladies News

0 comments:

Post a Comment