တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသား အစိုးရ၀န်ထမ်းတွေဟာ ရုပ်ပိုင်းဆိုင်ရာဖိအားတွေ ခံစားရမှုအပြင် ပုံမှန်မဟုတ်တဲ့ အသံတွေကို ကြားခဲ့ရတာကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ဒဏ်ရာရခဲ့ရာ သံရုံး ၀န်ထမ်းအားလုံး ကျန်းမာရေး သတိရှိဖို့ အမေရိကန်က သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ Guangzhou ရှိ အမေရိကန် ၀န်ထမ်းတွေဟာ ဦးနှောက်ပိုင်းဆိုင်ရာ အသေးစားဒဏ်ရာတွေ ရရှိခဲ့ပြီး တရုတ်နိုင်ငံရှိ အမေရိကန် အစိုးရ၀န်ထမ်းတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ အသံမျိုးတွေ ကြားခဲ့မယ်ဆိုရင် ဆူညံမှုရှိတဲ့နေရာကနေ အဝေးကိုထွက်ခွာဖို့ အမေရိကန်အစိုးရက သတိပေးထားပါတယ်။ တရုတ်နိုင်ငံရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Jinnie Lee က ပြီးခဲ့တဲ့နှစ် နောက်ပိုင်းက စတင်ပြီး သံရုံးဝန်ထမ်းတွေဟာ စိတ်ခြောက်ခြားမှုတွေ စတင်ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီလိုမျိုး ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသလိုဖြစ်စေတဲ့ ဝန်ထမ်းတွေကို ရောဂါ စမ်းသပ်ကုသမှုတွေလုပ်ဖို့ အမေရိကန် နိုင်ငံဆီ ပြန်ပို့ခဲ့ရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရှိ အမေရိကန် သံရုံးဟာ ၀န်ထမ်းတွေ စိတ်ခြောက်ခြားဖြစ်စေတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိမှု ဖြစ်ရပ်တွေကို လေ့လာလျက် ရှိနေကြောင်းသိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ လျစ်လျူရှူထားလို့ မရတဲ့ အန္တာရယ်ရှိတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အရာ ဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အမေရိကန် သံရုံးဝန်ထမ်းတွေ ဟာ ပြီးခဲ့တဲ့နှစ်က ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးမှာ အသံလှိုင်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဦးနှောက်ပိုင်းဆိုင်ရာရောဂါမျိုး ခံစားခဲ့ရဖူးတယ်လို့ သိရပါတယ်။
သားဖိုးကောင်း (အကုန်သိ သတင်းဌာန)
0 comments:
Post a Comment