သီချင်းတွေကို တစ်ပုဒ်ချင်းစီ MTV ရိုက်ပြီး အွန်လိုင်းပေါ် အရင်တင်မယ်လို့ တေးသံရှင် မီးနိုက ပြောပါတယ်။ မီးနိုရဲ့ ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ “ပြိုင်ပွဲ” တေးစီးရီးမိတ်ဆက်ပွဲကို မေလ ၂၄ ရက် နေ့လယ် ၁ နာရီခန့်က ရန်ကုန်မြို့ Central ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
“ Galaxy Star Top 10 မှာ ပြုတ်သွားတော့ အနိုင်အရှုံးသီချင်းလေးကို တိုက်ဆိုင်မှုတွေရှိတဲ့အတွက် အခွေလေးရအောင်ဆိုပြီး လုပ်ဖြစ်တာပါ။ ကိုဝေကြီးရေးပေးတဲ့ ငါ့ကိုချစ်ရင် သီချင်းလေးကလည်း ပရိသတ်ကြည့်ရှုမှုအားအရမ်းကောင်းတော့ အရမ်းပျော်ပါတယ်။ သီချင်းတွေကို တစ်ပုဒ်ချင်းစီ MTV ရိုက်ပြီးတော့ အွန်လိုင်းမှာ အရင်တင်မှာပေါ့နော်။ ပြီးမှ အခွေလေး ပြန်ထုတ်ဖြစ်မှာပါ” လို့ မီးနိုက ပြောပါတယ်။
ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ “ပြိုင်ပွဲ” တေးစီးရီးမှာ တေးသီချင်း ၁၃ ပုဒ်ပါဝင်ပြီး မေ ၂၇ ရက်နေ့မှ Bo Bo Music production မှ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
အဝါရောင် (အကုန်သိသတင်းဌာန)
0 comments:
Post a Comment