Wednesday, May 23, 2018

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာကို မယုံကြည်ကြဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဆို


ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင်အမြောက်အမြားအား ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာကို လူအများက အယုံအကြည်မရှိကြကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကပြောသည်။


"အဲဒီ အစီရင်ခံစာဟာ ဘင်္ဂါလီတွေကိုမြန်မာနိုင်ငံ ပြန်ပို့ဖို့ကိစ္စရပ်တွေ ဆွေးနွေးနေတဲ့အပေါ် အကျိုးသက်ရောက်မှုရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲဒီအစီရင်ခံစာဟာ ယုတ္တိလဲမတန်သလို ဘယ်သူကမှလဲ မယုံကြပါဘူး"ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာမွတ် အလီက ယမန်နေ့က ဒက္ကာမြို့တွင်ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာကို ယခုလို လွန်စွာနောက်ကျပြီးမှ ထုတ်ပြန်ရခြင်း၏ နောက်ကွယ်တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေဖြင့် ရည်ရွယ်ချက်အချို့ရှိနိုင်ကြောင်း သူကမေးခွန်းထုတ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင်အမြောက်အမြားအား ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယခု ရက်ပိုင်းအတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ Aljazeera, CNN, AFP, CNA, FOX News Channel , Sky News , The Straits Times, The Guardian , Daily Mail, The Daily Star, The Independent, The Wall Street Journal , The Washington Post, The Times of India , TIME, Bangkok Post အစရှိသည့် နိုင်ငံတကာ သတင်းဌာနပေါင်းများစွာကလည်း သတင်းများဖေါ်ပြခဲ့ကြသည်။

PN002
ref: AI report not to affect repatriation talks: FM It’s not true India doing nothing, he says


0 comments:

Post a Comment