Thursday, May 3, 2018

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားထုတ်ပြန်ချက်


၁။ ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော နယ်မြေလုံခြုံရေးအခြေအနေများအရ နေရပ်စွန့်ခွာပြီး ခေတ္တတိမ်းရှောင်ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့်ညှိနှိုင်းပြီး ဆန် ၊ဆီ ၊ ရိက္ခာဆေးဝါးများထောက်ပံ့ပေးအပ်ခြင်း ၊ နှစ်သိမ့်အားပေးစကားပြောကြားခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ကချင်ပြည်နယ်အတွင်း IDP Camps များအား ကချင်ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် လူမှုရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ NGOs ၊ INGOs ၊ CSO များမှလုံခြုံစွာနေထိုင်နိုင်ရေး ၊ အစားအသောက်အ၀တ်အထည်များ ထောက်ပံ့ကူညီပေးလျက်ရှိနေပါသည်။

၃။ ကချင်ပြည်နယ်အတွင်းရှိ IDP Camps များသို့ ရောက်ရှိနေသည့်ပြည်သူများအနက် အခြားဒေသမှလာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ပါက ၎င်းတို့ဒေသသို့ပြန်လည်နေထိုင်နိုင်ရေး စီမံပေးလျက်ရှိပြီး ဒေသခံပြည်သူများဖြစ်နေပါက နယ်မြေအေးချမ်းမှုကိုမူတည်၍ ၎င်းတို့ဒေသသို့ ပြန်လည်နေထိုင်နိုင်ရေးစီစဉ်ပေးလျက်ရှိနေပါသည်။

၎။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ကချင်ပြည်နယ်အတွင်းရှိ IDP Camps များအတွက် ဆောင်ရွက်ရမည့်လုပ်ငန်စဉ်များချမှတ်ကာ နေရပ်စွန့်ခွာပြီးခေတ္တတိမ်းရှောင်ပြည်သူများအား အေးချမ်းတည်ငြိမ်လုံခြုံအောင်ဆောင်ရွက်လျက် ရှိပါသည်။

၅။ နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများသည် ပြည်နယ်အတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူများဖြစ်သည့်အတွက် လူသားချင်းစာနာသောစိတ်ဓာတ်ဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

#ကချင်ပြည်နယ်အစိုးရအဖွဲ့
AKonThi

0 comments:

Post a Comment