Thursday, May 3, 2018

ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရင်လည်း တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ ဆက်ရှိမည်


တောင်ကိုရီးယားအစိုးရ ကိုရီးယား ကျွန်းဆွယ်စစ်ပွဲ တရားဝင်ပြီးဆုံးကြောင်း စာချုပ် တစ်ရပ်ချုပ်ဆိုနိုင်မယ် ဆိုရင်တောင် နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့တွေ ဆက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ပြီးခဲ့တဲ့ ၁၉၅၃ ခုနှစ် နောက်ပိုင်း လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၉၀၀၀ ရှိနေပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းခဲ့ရင် နျူကလီးယားလက်နက်ကိုစွန့်လွှတ်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက အရင်တုန်းကပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ ဘာမှ လုပ်ဆောင်တာမရှိသေးဘူးလို့ တောင်ကိုရီးယားအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့တွေ ရှိနေတာ ဟာ အမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံကြား မဟာမိတ်ဖြစ်မှု ရဲ့ အဓိက အကြောင်းအရာဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင် ရဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် နဲ့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းတွေ့ဆုံချိန်မှာ နျူကလီးယားဖျက်သိမ်းရေးနဲ့ ကိုရီးယား စစ်ပွဲတရားဝင်အဆုံးသတ်ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ၁၉၅၃ ခုနှစ်က လက်နက်တိုက်တဲ့စစ်ပွဲ အဆုံးသတ်ခဲ့ပေမယ့် ကိုရီးယားနှစ်နိုင်ငံကြား နည်းပညာပိုင်းဆိုင်ရာ စစ်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။


သားဖိုးကောင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment