အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ၁၇ ဦးတို့က သမ္မတ ထရမ့်အား ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်သင့်ကြောင်း အဆိုတင်သွင်းသည့် သ၀ဏ်လွှာကို မေလ ၂ ရက် နေ့စွဲဖြင့် နိုဘယ်ဆုရွေးချယ်ရေးကော်မတီသို့ ပေးပို့လိုက်သည်။
အင်ဒီယာနာပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် လုခ်မက်ဆာနှင့် လုပ်ဖော်ကိုင်ဖက် ၁၇ ဦးတို့က လက်မှတ်ရေးထိုး၍ ပေးပို့လိုက်ခြင်းဖြစ်ပြီး၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား နျူလက်နက်များ ဖျက်သိမ်းစေရန် သမ္မတထရမ့်က အထူးကြိုပန်းအားထုတ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်သင့်ကြောင်း အဆိုပါသ၀ဏ်လွှာတွင်ရေးသား အဆိုပြုထားသည်။
REF: Indiana congressman, 17 colleagues, nominate Trump for Nobel Peace Prize
Popular News Journal
0 comments:
Post a Comment