Sunday, February 3, 2019

တရုတ်ဓါတုစင်ရုံပေါက်ကွဲမှု သတင်းထိန်ချန်


တရုတ်နိုင်ငံမြောက်ပိုင်းမှာ မနှစ်က လူ ၂၄ ယောက်သေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာရသွားတဲ့ ဓာတုစက်ရုံ ပေါက်ကွဲမှုမှာ ကုမ္ပဏီက သတင်းအချက်အလက်ထိန်ချန်ပြီး စစ်ဆေးရေးမှူးတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ 
ပေါက်ကွဲမှုဖြစ်သွားပြီးတဲ့နောက် Hebei Shenghua ဓာတုလုပ်ငန်းကုမ္ပဏီဟာ သက်ဆိုင်ရာ အစိုးရဌာနတွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ သတင်းမပို့ဘဲ ထိန်ချန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စက်ရုံလုံခြုံရေး အစီစဉ်တွေလျော့လျဲပြီး ပေါက်ကွဲတဲ့အချိန်မှာ စနစ်တကျ မစီမံ မခန့်ခွဲနိုင်ဘူးလို့လည်း ပြောပါတယ်။ 

ပေါက်ကွဲမှုမဖြစ်ခင် သီတင်းပတ်တွေအလိုမှာ ဓာတုပစ္စည်းတွေဖိတ်စင်လို့ လူတွေ နာမကျန်းဖြစ်ခဲ့ရပါတယ်။ 

အမှုကို ရဲက စုံစမ်းစစ်ဆေးပြီး အလုပ်သမား ၁၂ ယောက်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူ ၁၃ ယောက်ကို ပြစ်ဒဏ်ပေးပေမဲ့ အသေးစိတ်မဖော်ပြပါဘူး။ ဒဏ်ငွေ အမေရိကန်ဒေါ်လာ တသန်းခွဲနီးပါးလည်း ပေးဆောင်ရပါတယ်။ 

Reuters Photo
RFA

0 comments:

Post a Comment