Sunday, February 3, 2019

ဘူးသီးတောင်မြို့နယ်တွင် အမျိုးသားတဦးကို ပစ္စတိုသေနတ် ၁ လက်နှင့်အတူဖမ်းမိ



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ပစ္စတိုသေနတ် ၁ လက်နဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးမိပြီး ကျန်တဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ 
ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်က ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက နယ်မြေ လုံခြုံရေးဆောင်ရွက်နေစဉ် ဖိုးခေါင်ချောင်း ချောင်းစပ်အနီးမှာ မသင်္ကာသူ နှစ်ဦးကို တွေ့ရှိတဲ့အတွက် စစ်ဆေးရန်ခေါ်ယူရာ မလာရောက်ဘဲ လွယ်ထားတဲ့ လွယ်အိတ်ကို ပစ်ချထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ထွက်ပြေးသူ နှစ်ဦးကို လိုက်လံဖမ်းဆီးရာ ပြိုင်းတောင်ရွာအရှေ့ဘက် ၂ ဖာလုံခန့် အကွာမှာ မာမောက်ဇူဘိုင် (၂၄)နှစ် ရွက်ညိုတောင်အလယ်ရွာနေသူကို ဖမ်းဆီးရမိခဲ့ပြီး ပစ်ချခဲ့တဲ့ လွယ်အိတ်ထဲက ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ခု၊ ကျည် ၅ တောင့်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး SIM Card တခုပါ SMART အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 


သေနတ်နဲ့အတူဖမ်းမိတဲ့ ရွက်ညိုတောင်အလယ်ရွာနေသူ မာမောက်ဇူဘိုင် (၂၄)နှစ်ကို ဖမ်းဆီးအရေးယူထားပြီး ထွက်ပြေးနေသူ တဦးကိုတော့ ဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက် နေပါတယ်။

DVB 

0 comments:

Post a Comment