Sunday, February 3, 2019

လက်စတာဘက် အနိုင်ဂိုးသွင်းယူခဲ့သည့် ရက်ရှ်ဖို့ဒ်ကို ဆိုးလ်ရှား ချီးကျူး


လက်စတာဘက်ကို သွင်းခဲ့တဲ့ ရ​​​က်​ရှ်​ဖို့ဒ်​ရဲ့ အနိုင်​ဂိုးနဲ့ပတ်သ​က်​ပြီး နည်းပြ ဆိုးလ်​ရှားက ချီးကျူး​ပြောကြားလိုက်​ပါတယ်​။ 
မန်​ယူ လူငယ်​တိုက်​စစ်​မှူး ရက်​ရှ်​ဖို့ဒ်​ဟာ ပွဲအစ ၉ မိနစ်​မှာ ​ပေါ့ဘာရဲ့ ​ပေးပို့မူက​နေ ညာ​ခြေနဲ့ တချက်​ထိန်းပြီး ​ထောင့်ဖြတ် ​အပြင်းကန်​သွင်းခဲ့တာဖြစ်​ပါတယ်​။ 

“ရက်​ရှ်ဖို့ဒ်​ရဲ့ ဂိုးဟာ အရည်​အ​သွေးရှိတဲ့ဂိုးဖြစ်​ပြီး အရည်​အ​သွေးရှိတဲ့ ကစားသမား​တွေရှိရင်​ အရည်​အ​သွေးရှိတဲ့ ဂိုး​တွေရမယ်” လို့ ဆိုးလ်ရှားက​ ပြောကြားခဲ့ပါတယ်​။ 

ရက်ရှ်​ဖို့ဒ်​အ​နေနဲ့ အဲဒီဂိုးမတိုင်​ခင်​မှာလည်း ခေါင်းတိုက်​ပြီး ဂိုးရဖို့နီးစပ်​ခဲ့​ပြီး အသုံးမချနိုင်​ခဲ့​ပေမယ့် ​ခြေစွမ်းတိုးတက်​လာတဲ့ ကစားသမားဖြစ်​တယ်​လို့ ဆိုးလ်​ရှားက ချီးကျူးခဲ့ပါတယ်​။ 

မန်​ယူအသင်းအ​နေနဲ့ ပွဲကို အ​ကောင်းဆုံးထိန်းချုပ်​မကစားနိုင်​ခဲ့​ပေမယ့် အနိုင်​ ၃ မှတ်​ရခဲ့တာက နှစ်​သက်​စရာ ​ကောင်းခဲ့တယ်​လို့လည်း ဆိုးရှားလ်​က ပွဲအပြီးမှာ ​ပြောကြားသွားခဲ့ပါတယ်​။ 

မန်​ယူအသင်းဟာ လက်​စတာကို အနိုင်​ရခဲ့လို အမှတ်​​ပေးဇယား အဆင့် ၅ အထိ တက်​လှမ်းနိုင်​ခဲ့ပြီး ချန်​ပီယံလိဂ်​ဝင်​ခွင့်ရမယ့် အဆင့် ၄ က ချဲလ်​ဆီးနဲ့လည်း ၂ မှတ်​ပဲ ကွာဟ ​​နေပါတယ်​။

DVB

0 comments:

Post a Comment