Sunday, February 3, 2019

အမေရိကန် အနောက်တောင်ဖက် နယ်ခြားကာကွယ်ရေး ပိုမို အင်အားမြှင့်တင်နိင်ရန် တပ်ဖွဲ့ဝင် ၃,၇၅၀ ထပ်မံစေလွှတ်



အမေရိကန်ပြည်ထောင်စု၏ အနောက်တောင်ဖက် နယ်ခြားတွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး ပိုမိုအင်အားမြှင့်တင်နိုင်ရန် အမေရိကန် တပ်ဖွဲ့ဝင် ၃,၇၅၀ ထပ်မံချထားမည်ဖြစ်ကြောင်း ပင်တာဂွန်စစ်ဌာနချုပ် က တနင်္ဂနွေနေ့တွင် ကြေညာသည်ဟု CNN က ယနေ့ရေးသားသည်။ 
ရက်ပေါင်း ၉၀ အတွင်း အင်အားဖြည့်တင်းမည့် အဆိုပါတပ်ဖွဲ့ဝင်များသည် မိုင် ၁၅၀ ရှည်လျှားသော နယ်စပ်တစ်လျှောက် လုံခြုံရေးစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်မှု့ပြီးစီးသည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ လကုန်တိုင်အောင် ရွေ့လျှားစောင့်ကြည့်ရေး တာဝန်များတွင် ကူညီထမ်းဆောင်ကြမည်ဖြစ်သည်။ ၄င်းနယ်မြေတစ်လျှောက်တွင် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးတာဝန်ထမ်းဆောင်လျှက်ရှိသူ ၄,၃၅၀ အထိ ရှိလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 

အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်ခြား လုံခြုံရေး အင်အားမြှင့်တင်ရန် တပ်ဖွဲ့ဝင် အင်အား ၃,၅၀၀ ခန့် ချထား လိမ့်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ကြာသပတေးနေ့၌ CNN က ရေးသားသော်လည်း အင်အားအတိအကျ ကို ပင်တာဂွန်က သတင်းထုတ်ပြန်ခဲ့ခြင်းမရှိချေ။ 

လွန်ခဲ့သည့်လတွင် အမေရိကန် အမိမြေလုံခြုံရေးဌာန၏ အကူအညီတောင်းခံမှုကြောင့် လိုအပ်သော အင်အားကို ကာကွယ်ရေးဌာနက ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။ 

“ ရွှေ့ပြောင်းဝင်ရောက်သူ အုပ်စုကြီးက နိုင်ငံတော် တောင်ဖက်နယ်စပ်တွင် တရားမ၀င် ကျူးကျော်ဝင်ရောက်ရန် ကြိုးစားမှုကို တပ်ဖွဲ့ဝင်များ ပိုမိုစေလွှတ်ခြင်းဖြင့် တားဆီးလျှက်ရှိသည်။ ကျွန်ုပ်တို့သည် ယခင် ရွှေ့ပြောင်း ၀င်ရောက်သူများကို တားဆီးခဲ့ပြီး နောင်တွင်လည်း တားဆီးကြရလိမ့်မည်။ “ ဟု ဒေါ်နယ်ထရမ့်က ၄င်း၏ Twitter စာမျက်နှာတွင် ကြာသပတေးနေ့၌ ရေးသားထားသည်ကို တွေ့ရှိရသည်။ 


Htay Oung (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment