Sunday, February 3, 2019

ဆာလာပါသွားတဲ့လေယာဉ်ရဲ့အပျက်အစီးတွေကို ရေလက်ကြားထဲပြန်တွေ့


ကာဒစ်ဖ်စီးတီးဘောလုံးအသင်းက ကစားသမား အီမယ်လီယာနို ဆာလာလိုက်သွားပြီး ပျောက်ဆုံးခဲ့တဲ့လေယာဉ်ရဲ့အပျက်အစီးတွေကို အင်္ဂလိပ်ရေလက်ကြားထဲမှာပြန်တွေ့ခဲ့ပါတယ်။ 
ပိုက်ပါမာလီဘူး N264DBဟာ ဆာလာနဲ့ လေယာဉ်မှူး ဒေးဗစ် အက်ဘော့ဆင်တို့ကိုတင်ဆောင်ပြီး ပြင်သစ်နိုင်ငံ၊ နန့်တ်စ်မြို့ကနေ ကာဒစ်ဖ်မြို့ကို ဇန်န၀ါရီ(၂၁)ရက်မှာပျံသန်းခဲ့ချိန်မှာ ပျောက်ဆုံးခဲ့ပါတယ်။ 
ဂါဇီးကျွန်းနားမှာ တနင်္ဂနွေနေ့မနက်ပိုင်းက အပျက်အစီးတွေကို တွေ့ခဲ့တယ်လို့ ဆာလာမိသားစုကိုယ်စား ပုဂ္ဂလိကရန်ပုံငွေနဲ့ရှာဖွေရေးလုပ်ဖို့ ညွှန်ကြားခဲ့တဲ့ ဒေးဗစ် မီယားစ်ကပြောပါတယ်။ 
လေကြောင်းမတော်တဆမှုစုံစမ်းရေးဌာနခွဲ(A.A.I.B)က လေယာဉ်ကိုပြန်ရှာဖို့ အဲဒီနေရာကိုရောက်နေပါတယ်။ 
ဆာလာနဲ့ အက်ဘော့ဆင်တို့ရဲ့မိသားစုတွေကို ရဲတွေအကြောင်းကြားပြီးပြီလို့ မီယားစ်က တွစ်တာမှာပြောပါတယ်။ 
ကာဒစ်ဖ်က ဆာလာကို အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၅)သန်းနဲ့လက်မှတ်ထိုးခဲ့ပြီး ပြီးခဲ့တဲ့လက စပြီးအသင်းနဲ့လေ့ကျင့်ခန်းဆင်းရမှာပါ။ 
တရားဝင်ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဇန်န၀ါရီ(၂၄)ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ 
တနင်္ဂနွေနေ့ကစတင်တဲ့ ပုဂ္ဂလိကရှာဖွေရေးလုပ်ငန်းအတွက် ရန်ပုံငွေအဖြစ် အွန်လိုင်းကတဆင့်မေတ္တာရပ်ခံတာကလည်း ပေါင်(၃၂၄၀၀၀)ရထားပါပြီ။ 
လေယာဉ်ပြန်ဆယ်ဖို့လုပ်ငန်းတွေကတော့ မကြာခင်စတော့မှာပါ။ 

Source-BBC 
#ဥက္ကာ 
#TheFifthWaveNews 
လေယာဉ်ရှာဖွေရေးတွင် သုံးသည့်သင်္ဘော 
ပုံ GurnseyPress

0 comments:

Post a Comment