Sunday, February 3, 2019

အမေရိကန်တက္ကသိုလ်အတုတက်သူ အိန္ဒိယ ကျောင်းသားတွေ ထိန်းသိမ်းခံရ


အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းခံထားရတဲ့ အိန္ဒိယကျောင်းသူကျောင်းသားတွေကို အိန္ဒိယအစိုးရက အနီးကပ်စောင့်ကြည့်နေပြီး၊ သူတို့ကို ပြည်နှင်ဒဏ်မပေးဖို့လည်း တိုက်တွန်းထားပါတယ်။ 
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ် အတုအယောင်တခုနဲ့ ဆက်သွယ်ပြီးရောက်ရှိနေကြသူတွေကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားရာမှာ အိန္ဒိယကလာသူ ၁၂၉ ဦးလည်းပါဝင်ပါတယ်။ 

သူတို့ကို ပြည်ဝင်ခွင့်ဗီဇာအလွဲသုံးစားလုပ်မှုနဲ့ ထိန်းသိမ်းထားကြောင်း သိရပြီး၊ အမြန်ဆုံးပြန်လွှတ်ဖို့ အိန္ဒိယအစိုးရက တိုက်တွန်းထားပါတယ်။

RFA

0 comments:

Post a Comment