Sunday, February 3, 2019

ဝန်ကြီးချုပ် ခရီးစဉ်အတွင်း ကက်ရှ်မီးယားမှာ လုံခြုံရေးတင်းကြပ်


အိန္ဒိယနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေတဲ့ ကက်ရှ်မီးယားပြည်နယ်ကို ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ တရက်တာ လာရောက်လည်ပတ်စဉ်အတွင်း ပြည်နယ်တခုလုံးကို လုံခြုံရေးတင်းကြပ်ထားပါတယ်။ 
ဝန်ကြီးချုပ်မိုဒီဟာ ခွဲထွက်ရေးသူပုန်တွေ ထကြွနေတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အခြေအနေကို လာရောက်ကြည့်ရှုတာဖြစ်ပါတယ်။ ကျန်းမာရေး၊ ရေအားလျှပ်စစ်၊ ပညာရေး စတဲ့ နယ်ပယ်တွေ တိုးတက်လာရေး စီမံကိန်းတွေ ဖွင့်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ 

မိုဒီ လာရောက်စဉ်အတွင်း ထောင်နဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေချထားပြီး လုပ်ငန်းတွေ၊ ဈေးဆိုင်တွေလည်း ပိတ်ထားပါတယ်။ 

ကက်ရှ်မီးယားပြည်နယ်ဟာ အိန္ဒိယ နဲ့ ပါကစ္စတန်ပိုင် နယ်မြေအဖြစ် နှစ်ခြမ်းကွဲနေတာပါ။ ၁၉၈၉ ခုနှစ်က စလို့ ပါကစ္စတန်ပိုင်အခြမ်းက အိန္ဒိယပိုင်အခြမ်းကို သိမ်းယူဖို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Photo: Tauseef MUSTAFA / AFP
RFA

0 comments:

Post a Comment