Monday, July 1, 2019

အမျိုးသားနိုင်ငံရေးဟုဆိုသည့်မီတာခအတွက်ဆန္ဒထုတ်ဖော်


ယခုလတွင်စတင်လိုက်သည့် လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်ပြီး လက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အမျိုးသားနိုင်ငံရေးဖြစ်ကြောင်း ဦးဆောင်သူက ဆိုသည် ။ 
လူအင်အား တစ်ရာခန့်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှုတွင် ဒလမြို့ ကျောက်တိုင်မှ မြို့နယ်လျှပ်စစ်ရုံးရှေ့အထိ စီတန်းလမ်းလျှောက်ခဲ့ပြီး ပြည်သူလူထုအား အသိပေးရှင်းလင်းပြောကြားခဲ့ခြင်းမရှိဘဲ လျှပ်စစ်မီတာခများတိုးမြင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သည့် လုပ်ရပ်ဖြစ်သည် ဟူသည့်စာတန်းပါ ဗွီနိုင်းအပါအ၀င် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။ 














(ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

0 comments:

Post a Comment