ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အထူးစက်မှုဇုန် ဖော်ထုတ်ဆောင်ရွက်လိုသည့် Sun Myat Tun Con struction Co.,Ltd မှ တာဝန်ရှိသူများ က ဇူလိုင်၂၅ ရက်တွင် ကယားပြည်နယ်အစိုးရ အဖွဲ့နှင့် တွေ့ဆုံတင်ပြခဲ့ကြောင်းကယားပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုသို့တွေ့ဆုံရာတွင် Sun Myat Tun Construction Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းထွန်းမှ လွိုင် ကော် စက်မှုဇုန် အပိုင်း(၁)နှင့် (၂)တွင် အထူးစက်မှုဇုန် ဖော်ထုတ်မည့် အစီအမံ များအား ပါဝါပွိုင့်ဖြင့် အသေး စိတ်ရှင်းလင်းတင်ပြခြင်း၊ ကုမ္ပဏီအနေနှင့် စက်မှုဇုန် အပိုင်း(၁)နှင့် (၂)တွင် မြေဧရိယာလုံလောက် ရှိ/မရှိ အခြေအနေနှင့် မြေပြင်အခြေအနေများအား ကွင်းဆင်း စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပိန်းချစ်ဒေသတစ်ဝိုက် တွင် လည်း အလားတူ ကွင်းဆင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များကို ပြည်နယ်အစိုးရ အဖွဲ့ သို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး၊လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး နှင့်လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက် ခဲ့ကြောင်းသိရသည်။
The Ladies News
0 comments:
Post a Comment