H1N1 ရာသီတုပ်ကွေး ရောဂါဖြင့် လူတစ်ဦး ထပ်မံသေ ဆုံးပြီး စုစုပေါင်း သေဆုံးသူ ၇၂ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇူလိုင် ၂၄ ရက်တွင် သေဆုံးသူ ၇၁ ဦး ရှိပြီး ဇူလိုင် ၂၅ ရက်တွင် သေဆုံးသူ ၇၂ ဦးရှိသည်။ H1N1 ရာသီတုပ်ကွေးကြောင့် တစ်ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၌လူတစ်ဦး ထပ်မံသေဆုံးခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး သည် သေဆုံးမှုဆုံးစာရင်းတွင်အမြင့်ဆုံးတည်ရှိနေပြီး တစ်ပတ် အတွင်း ခုနစ်ဦး သေဆုံးသည်။ အလားတူ တစ်ပတ်အတွင်း ဧရာ ၀တီတိုင်းဒေသကြီးတွင် တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် နှစ်ဦး သေဆုံးခဲ့သည်။
H1N1 ရောဂါ၏ သဘော သဘာဝသည် လူဦးရေထူထပ် သည့် တည်နေရာများတွင် ကူး စက်ပျံ့နှံ့လွယ်သည့် သဘောရှိ ကြောင်း စံပြအထူးကုဆေးခန်း ပိုင်ရှင် ဒေါက်တာဥက္ကာကြည်ဝင်း ကပြောသည်။
‘‘ဒီရောဂါကြောင့် သေဆုံး တယ်လို့ အတည်ပြုနိုင်တာက ရန်ကုန်ကလို ဆေးရုံကြီးတွေမှာ ပဲ။ ဆိုလိုတာက နာမည်တပ်နိုင် တာက ရန်ကုန်ကလို စင်တာအ ကြီးကြီးတွေကပဲဖြစ်တယ်။ တ ခြားမှာလည်း ဒါနဲ့ သေဆုံးသွား တာလည်း ရှိကောင်းရှိမယ်။ ဒါနဲ့သေတယ်ဆိုတာ အတည်မပြု နိုင်တာလည်း ဖြစ်ကောင်းဖြစ် မယ်’’ ဟု ၎င်းကပြောသည်။
ဇူလိုင် ၂၅ ရက် ထုတ်ပြန် ချက်အရ တစ်နိုင်ငံလုံးအတိုင်းအ တာတွင် ၉၀၈ ဦးကို ဓာတ်ခွဲစစ် ဆေးခဲ့ကြောင်း၊ ၃၈၉ ဦးတွင် H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ကို အတည်ပြု နိုင်ပြီး သေဆုံးသူ ၇၂ ဦးရှိ ကြောင်း ဖော်ပြထားသည်။
7Day
0 comments:
Post a Comment