မြန်မာနိုင်ငံတွင် ကျောင်းသားများအတွက် အသက်အာမခံနှင့်ပတ်သက်ပြီး “စာသင်သား အသက်အာမခံ”ဟူသော အမည်ဖြင့် GGI အသက်အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်ပေးနေပြီး ကလေးများအတွက် ပညာသင်စရိတ်ပါ ပြန်လည်ရရှိမည်ဖြစ်ကြောင်းကို GGI ထံမှ သိရသည်။
အဆိုပါစာသင်သား အသက်အာမခံသည် အသက် ၁ နှစ် (၃၀ ရက်သား) မှ ၁၂ နှစ်အရွယ် ကလေးများအတွက်သာဖြစ်ပြီး အာမခံပြုလုပ်ထားသော ကလေးများအနေနှင့် အသက် ၁၇ နှစ်မှ အသက် ၂၀ အရွယ်အထိ ပညာသင်စရိတ်ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်အကြောင်း GGI အာမခံလုပ်ငန်းက ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းခဲ့သည်။
အာမခံကြေးပေးသွင်းရမည့် သက်တမ်းမှာ ၅ နှစ်မှ ၁၆ နှစ်သာဖြစ်ပြီး ကလေးငယ်များ၏ မိဘ၊ အုပ်ထိန်းသူများက ဝယ်ယူပေးရမည်ဖြစ်ပြီး အကယ်၍ အုပ်ထိန်းသူများမရှိတော့ခဲ့လျှင် အာမခံကြေးကို ဆက်လက်ပေးသွင်းစရာ မလိုတော့ဘဲ ကလေးငယ်အတွက် အကျိုးခံစားခွင့်များသည်လည်း ယခင်အတိုင်းသာ ရှိနေလိမ့်မည်ဖြစ်ကြောင်း GGI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စာသင်သား အသက်အာမခံ အစီအစဉ်ကို ဂျပန်နိုင်ငံမှ Nippon life အာမခံကုမ္ပဏီ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၉ ဇွန်လတွင် GGI အာမခံ ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ Request for Proposal တင်ပြထားကြောင်း ယင်းလုပ်ငန်းထံမှ သိရှိရသည်။
ကျော်ဖြိုး
The Voice
0 comments:
Post a Comment