Sunday, July 28, 2019

လူ့အဖွဲ့အစည်းတွင် အနာတရများလာပါက နိုင်ငံရေးနည်းဖြင့်သာ ကုစား၍မရကြောင်း ဦးမင်းဇင် ပြော

Image may contain: 1 person, eyeglasses
လူ့အဖွဲ့အစည်းတွင် အနာတရများလာပါက နိုင်ငံရေးနည်းဖြင့်သာ ကုစား၍မရဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေးလှုပ်ရှားမှုများလိုအပ်ကြောင်း မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့ မြန်မာ၏ အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇူလိုင်လ ၂၇ ရက်ကကျင်းပသောအရပ်ဘက်အဖွဲ့အစည်းများ၏ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။ 
“ ၁၉၉၉ တုန်းက ကျွန်တော်တို့လည်းစာတမ်းတွေဘာတွေရေးခဲ့ဖူးပါတယ်။သဘောကတော့ လူ့အဖွဲ့အစည်းမှာ သိပ်ပြီးတော့ ဒဏ်ရာဒဏ်ချက်တွေများတယ်ပေါ့။ အနာတရတွေသိပ်များသွားလို့ရှိရင် အဲဒီလူ့အဖွဲ့အစည်းကို နိုင်ငံရေးပုံစံတစ်မျိုးထဲနဲ့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေကိုအားကိုးရုံတစ်မျိုးထဲနဲ့ လွှဲထားလို့မရဘူးဆိုတဲ့ အယူအဆရှိပါတယ်။ အဲဒီလိုဒဏ်ရာ၊ အနာတရတွေများတဲ့အခါမှာ နိုင်ငံရေးနည်းနဲ့ပဲ ကုစားလို့မရဘူး။ ကျွန်တော်တို့ခေါ်တာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေလိုတယ်။ အဲဒီလှုပ်ရှားမှုထဲမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာ အရေးကြီးဆုံးထဲမှာပါတယ်ပေါ့”ဟု ဦးမင်းဇင်ကပြောသည်။
အိန္ဒိယလွတ်လပ်ရေးရယူချိန်၌ တစ်ဖက်တွင် နေရူးကဲ့သို့ တိုက်ပွဲဝင်သောပုဂ္ဂိုလ်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မဟတ္တမဂန္ဒီကဲ့သို့ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး၊ ရင်ကြားစေ့ရေးပြုလုပ်သည့် ပုဂ္ဂိုလ်များလိုအပ်ကြောင်း ၄င်းက ဥပမာပေး ပြောဆိုခဲ့သည်။ 
NLD ပါတီအစိုးရလက်ထက်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအား စတင်ခေါ်ယူခဲ့ပြီး အပစ်အခတ်ရပ်စဲသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးဆွေးနွေးပွဲများဖြင့်စတင်ခဲ့သည်။
Image may contain: 11 people
Image may contain: 7 people, people smiling, people standing and outdoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment