Friday, August 2, 2019

Myanmr sat 2 ဂြိုဟ်တုမှာ Myanmar sat 1 ထက်ပိုမိုကောင်းမွန်သဖြင့် အရည်အသွေးမြင့်ဆက်သွယ်မှုများ ရရှိမည်

Myanmr sat 2 ဂြိုဟ်တုမှာ Myanmar sat 1 ထက်ပိုမိုကောင်းမွန်သဖြင့် အရည်အသွေးမြင့်ဆက်သွယ်မှုများ ရရှိမည်
Myanmar sat 2 ဂြိုဟ်တုမှာ mayanmar sat 1ထက် ၈ ဆမှ ၁၀ ဆအထိပိုမိုကောင်းမွန်သဖြင့် အရည်အသွေးမြင့်သောဆက်သွယ်မှုများရရှိမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင်လနောက်ဆုံးအပတ်အတွင်းအကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းချက်အပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဖြေကြားပေးခြင်း ဖြစ်သည်။
“ Myanmar Sat 1 ထက် အဆ ၈ ဆမှ ၁၀ ဆအထိပိုကောင်းတဲ့အတွက် အရည်အသွေးမြင့်တဲ့ ဆက်သွယ်မှုတွေ ရရှိနိုင်ပါတယ်။ ဖမ်းယူမှုအားပိုမိုရရှိတဲ့အတွက် Myanmar Sat 2 အသုံးပြုတဲ့ မိုဘိုင်းအင်တာနက်နဲ့ အခြားဆက်သွယ်ရေးတွေမှာလည်း မြန်နှုန်းပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ Myanmar Sat 2 ဂြိုဟ်တုက ဂြိုဟ်တုလိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေပါ အသုံးပြုနိုင်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေ Myanmar Sat 2 ဂြိုဟ်တုကိုအသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ e – Application တွေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို အသုံးပြုလာနိုင်ပါတယ်။ e-Education, e-Health စသဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင်မှုတွေ ပိုမိုပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေကလည်း ပြည်သူအတွက် အကျိုးပိုမိုရရှိစေမယ့် application တွေ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။
ပြင်သစ်စံတော်ချိန် သြဂုတ်လ ၆ရက် မနက် ၂နာရီတွင်လွှတ်တင်မည့် အာရီယန်- ၅ ဒုံးပျံတွင် အဆိုပါ myanmar sat 2 ဆက်သွယ်ရေးဂြိုဟ်တု ပါရှိသွားမည်ဖြစ်သည်။
myanmar sat-2 ဂြိုဟ်တုကို တောင်အမေရိကတိုက်၊ မြောက်အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေ၊ ကော်ရိုး၊ ပြင်သစ်ဝီယာနာရှိ အာရီယန်အာကာသပစ်လွှတ်ရေးအခြေစိုက်စခန်းမှလွှတ်တင်မည်ဖြစ်ကာ ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိပါကအနည်းဆုံး ၁၅ နှစ်ဝန်ဆောင်မှုပေးနိုင်သော ပုံစံဖြစ်စေရန် ထုတ်လုပ်ထားကြောင်းသိရသည်။
“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တုလိုင်းအင်အားတွေကို ကျွန်တော်တို့ကိုယ်တိုင် စီမံအသုံးပြုလာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ GDP ကို ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိတိုးတက်လာနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးဝင်းအောင်က ထပ်မံပြောသည်။
မြန်မာနိုင်ငံမှ အဆိုပါဆက်သွယ်ရေးဂြိုဟ်တုလွှတ်တင်ရန် အချိုးကျထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကိုပထမအကြိမ်တွင် ၃၀ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၅၀ ရာခိုင်နှုန်းထည့်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းထည့်သွင်းသွားမည်ဖြစ်သည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment