Thursday, August 1, 2019

ထိုင်းရဲတပ်ဖွဲ့ရုံးချုပ်အပြင်ဘက်တွင် သံသယဖြစ်ဖွယ်ပစ္စည်းပစ်ချခဲ့မှုဖြင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးထား ယနေ့နံနက်တွင် ဘန်ကောက်မြို့ တစ်ခွင်အနည်းဆုံး သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွား

Image may contain: one or more people and outdoor

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရာမ(၁) လမ်းမကြီးပေါ်ရှိ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ ရုံးချုပ် အပြင်ဘက်တွင် သံသယဖြစ်ဖွယ် အရာဝတ္ထုများကို ပစ်ချခဲ့သည့် မသင်္ကာဖွယ်ရာအမျိုးသားနှစ် ဦးကို ထိုင်းရဲတပ်ဖွဲ့က ယနေ့(သောကြာ)နံနက်အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

CCTVမှတ်တမ်းများအရ အဆိုပါအမျိုးသားနှစ်ဦးမှာ အ၀တ် များကို နှစ်ကြိမ်လဲလှယ်ဝတ်ဆင်ခဲ့သလို အဌားယာဉ်များကိုလည်း အဆင့်ဆင့်ပြောင်းစီးသွားခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။
၎င်းတို့ကမူ လတ်တလောဖြစ်ပွားနေသည့်ဗုံးပေါက်ကွဲမှုဖြစ် စဉ်တွင် မပတ်သက်သလိုတစ်စုံတစ်ရာအမှားမရှိဟု ငြင်းဆိုထားသည်။ ထိုင်းရဲတပ်ဖွဲ့ က အဆိုပါမသင်္ကာဖွယ် အမျိုးသားနှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း Muang ခရိုင်ရှိ ဖက်ချာကာဆန် လမ်းမကြီးပေါ်ရှိဖက်သွန်ပွန်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၂နာရီက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်းအပြင်ဘက်တွင် ထိုကဲ့သို့ သံသယဖြစ်ဖွယ် အ ရာဝတ္ထုပစ်ချခဲ့ခြင်းကို စီစီတီဗီမှတွေ့မြင်ခဲ့ရပြီးနောက် ရာမ (၁)လမ်းမကြီးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ (ကြာသပတေး) က ယာယီပိတ်ထားခဲ့သည်။
အဆိုပါအရာဝတ္ထုကို စစ်ဆေးရန်အတွက် ဗုံးကျွမ်းကျင်သူများကို ခေါ်ဆောင်ကာစစ်ဆေးခဲ့ပြီးနောက် လျှပ်စစ် ကြိုးများ သွယ်တန်းထားသည့် ဘုတ်ပြားပါဝင်သည့် ဆလင်ဒါပုံစံ ဗူးနှစ်ဗူးဖြစ်သည်ကို တွေ့ရှိခဲ့သည်။ သို့သော် ပေါက်ကွဲမှု မဖြစ်ပွားခဲ့ပေ။ အဆိုပါဗူးများကိုဖျက်ဆီးပစ်ခဲ့ပြီးနောက် တစ် နာရီအကြာတွင် လမ်းမကြီးကိုပြန်ဖွင့်ပေးခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းများကို ပြန်လည် စစ်ဆေး ပြီးနောက်အဆိုပါအမျိုးသားနှစ်ဦး ပါဝင်ပတ်သက်နေသည် ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။တစ်ဦးမှာ အရိပ်အခြေအနေကို စောင့်ကြည့်ပေးနေပြီး ကျန်တစ်ဦးက သံသယဖြစ် ဖွယ်လျှပ်စစ်ဝါယာကြိုးပါသည့် ဘုတ်ပြားဗူးကိုပစ်ချခဲ့ခြင်းဖြစ် သည်။
အဆိုပါအမျိုးသားနှစ်ဦးကို စီရမ်ဘူတာရုံရှိ BTS မိုးပျံ ဘူတာရုံတွင်လည်းတွေ့ခဲ့ပြီး အဆိုပါအနီးအနားရှိ ဈေးဝယ်စင်တာတစ်ခုသို့ ၀င်ရောက်ကာ အ၀တ်အစားများ လဲလှယ်၍ ပြန် ထွက်လာကြသည်ကို တွေ့ရှိခဲ့ရသည်။
ထို့နောက် ချာတူချပ်ပန်းခြံသို့ အဌားယာဉ်ဖြင့်သွားခဲ့ပြီး ထိုမှတစ်ဆင့် မောချစ် အမှတ်(၂) ဘတ်စ်ကားဂိတ်သို့ အဌားယာဉ်တစ်စီးထပ်မံပြောင်းစီး၍ သွားခဲ့ကြသည်။
ထို့နောက် ဘတ်စ်ကားဂိတ်ရှိ အိမ်သာထဲတွင် အ၀တ်များကို ထပ်မံလဲလှယ်ဝတ်ဆင်ခဲ့ကာ ကားပေါ်တက်စီးခဲ့ခြင်းဖြစ် 
ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြမှုအရသိရသည်။

ယနေ့ (သောကြာနေ့) နံနက်တွင်မူထိုင်းနိုင်ငံဘန်ကောက် မြို့ရှိရာမ(၉)ဧရိယာတွင်ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ် ခဲ့ပြီး လမ်းရှင်းလင်းရေး လုပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည် ဟု ထိုင်းသတင်းများက ဖော်ပြကြသည်။
ဘန်ကောက်မြို့ရှိ မိုးပျံ ရထားဘူတာရုံအပြင်ဘက်တွင်
လည်း ပေါက်ကွဲခဲ့မှု့ ဖြစ်ခဲ့ပြီး ယမန်နေ့ က ရဲတပ်ဖွဲ့ ရုံးချုပ် အပြင်ဘက်တွင် သံသယဖြစ်ဖွယ် အရာဝတ္ထုများ ပစ်ချခဲ့၍ 
ဖမ်းဆီးထားသူ ၂ဦးနှင့် ဆက်စပ်မှုရှိမရှိဆိုသည်ကိုမူ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
Image may contain: 1 person, selfie and closeup
Image may contain: 1 person, text
Image may contain: outdoor

Refး Bangkok Post
The Ladies News

0 comments:

Post a Comment