Sunday, August 25, 2019

အစိုးရနှင့် ဆွေးနွေးရန် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့နှစ်ခုကို NCA လက်မှတ်ထိုးအဖွဲ့များ ဖွဲ့စည်း

အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နှစ်ခုကို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုး ၁၀ ဖွဲ့က ဖွဲ့စည်းခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့’ နှင့် ‘အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့’ဟူ၍ အလုပ်အဖွဲ့နှစ်ခု ဖွဲ့စည်းခြင်းဖြစ်သည်။
‘‘အခုတစ်ဆို့နေတဲ့ ကိစ္စကို  ဘယ်လို ကျော်လွှားသွားမလဲဆို တာလေ။ အဲဒီမှာ တပ်ပိုင်းဆိုင်ရာ လည်းပါမယ်။ ဖက်ဒရယ် တည် ဆောက်ရေး အဆင့်ဆင့်ပါမယ်။ ၂၀၂၀ မတိုင်ခင်မှာ ကျွန်တော်တို့ ဘာလိုချင်လဲ၊ ၂၀၂၀ အလွန်မှာ  ဘာလုပ်ကြမလဲဆိုတာပေါ့။ အဲ ဒါကို ဒီဘက်မှာ ချမှတ်ပြီးပြီ။ ချ မှတ်ပြီးတဲ့အတွက် အဲဒါကိုကိုင် ပြီး အစိုးရနဲ့ သွားဆွေးနွေးဖို့ရှိ တယ်။ ဆွေးနွေးဖို့ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့ထားပြီးသားဖြစ် တယ်’’ဟု ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး  စိုင်းငင်းက ပြောသည်။
အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့ ကိုယ်စားလှယ်များ  လာမည့် စက်တင်ဘာ ဒုတိယ ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် လျာထားကြောင်း ၎င်းကဆို သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ကို ဗိုလ် မှူးကြီးစိုင်းငင်းက အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူပြီး အပစ် အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို  ကရင်အမျိုး သားအစည်းအရုံး(KNU)မှ ပဒို စောဆဲဂေက အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူမည်ဖြစ်သည်။
ပဒိုစောဆဲဂေသည် ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U)တွင် KNU ကိုယ်စား လှယ်အဖြစ် ပါဝင်နေသူဖြစ် သည်။
 ‘‘ကျွန်တော်တို့ NCA အ ကောင်အထည်ဖော်မှုမှာ အဓိက က အပစ်အခတ်ရပ်စဲရေးခိုင်မာမှု ဆိုင်ရာ ပိုပြီးတော့ ခိုင်မာအောင် လုပ်ဖို့လိုတာပေါ့။ NCA လက် မှတ်ထိုးထားပြီးတော့ အပစ်အ ခတ်ရပ်စဲရေးပိုင်းနဲ့ ပတ်သက်ပြီး  အကောင်အထည် မဖော်နိုင်တာ တွေက တော်တော်များနေတယ် လေ။ အဲဒီအတွက်ကြောင့် အ ပစ်အခတ်ရပ်စဲရေးအပိုင်းမှာ ပို ပြီးခိုင်မာအောင် ဘယ်လိုအခြေခံ တွေနဲ့ ဆွေးနွေးဖို့လိုမလဲပေါ့။ ဥပမာ တပ်ပိုင်းဆိုင်ရာ ဆွေးနွေး ပွဲတွေ စမယ်ဆို ဘယ်လိုအခြေခံနဲ့ စမလဲ၊ ဘယ်လုပ်ငန်းစဉ်နဲ့ သွား မလဲ၊ ဘယ်တော့ စနိုင်မလဲပေါ့။ JMC  ကိုလည်း  တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကနေ ထွက်လာတဲ့ အ ခြေခံတွေကနေ မူတည်ပြီး ဘယ် လို စောင့်ကြည့်စေမလဲပေါ့’’ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြား သည်။
နိုင်ငံရေးပိုင်းဆိုင်ရာ ဆွေး နွေးမည့် ညှိနှိုင်းရေးအဖွဲ့တွင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ တစ်ဖွဲ့လျှင် တစ်ဦးစီပါဝင်ပြီး တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည့် ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်ဖွဲ့စည်းထားသည်။
7Day

0 comments:

Post a Comment