Sunday, November 3, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့ရန် ကြက်သွန်နီများ အဝယ်ရှိလာသဖြင့် ကြက်သွန်နီဈေးနှုန်း တစ်ပတ်အတွင်း ခုန်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့ရန် ကြက်သွန်နီများ အဝယ်ရှိလာသဖြင့် ရန်ကုန်အပါအဝင် အညာဒေသများပါ ဈေးတက်လာရာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁ရက်အထိရက် သတ္တပတ်အတွင်း ကြက်သွန်နီ အလုံးသေး လက်ကား တစ်ပိဿာ ငွေကျပ် ၉၅၀ အလုံးကြီး ငွေကျပ် ၁၀၀၀ ဈေးအတက်ကြမ်းလာသည် ဟု ရန်ကုန် ကြက်သွန်နီ ဈေးကွက်နှင့် ကုန်စည်ဒိုင်နေ့စဉ် ဈေးနှုန်းစာရင်း များအရ သိရသည်။
ရန်ကုန် ဈေးကွက်အတွင်း အောက်တိုဘာ ၂၅ ရက်တွင် ဆိပ်ဖြူ ကြက်သွန်နီ လက်ကား တစ်ပိဿာ ငွေကျပ် ၆၅၀-၁၂၀၀ နှုန်းရှိခဲ့ရာမှ နိုဝင်ဘာ ၁ရက်တွင် ၁၅၀၀-၂၂၀၀ နှုန်းသို့ အတက်ကြမ်းလာခြင်းဖြစ် သည်။
ယင်းရက်များအတွင်း ပုံမှန် ဝင်ရောက်နေကျထက်များစွာ ပိဿာ ချိန်ဝင်ရောက်မှု နည်းခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင် ကြက်သွန်နီ ပိဿာချိန် ၃၁၂၀၀၀အထိ ဘုရင့်နောင်ပွဲရုံသို့ နယ်စုံမှ ဝင်ရောက် မှုရှိခဲ့သည်။
ယခင်နေ့စဉ် ပျမ်းမျှကြက်သွန်နီ ပိဿာ၁၈၀၀၀၀ ဝန်းကျင် ဝင်ရောက် သော်လည်း ယခုအပတ်အတွင်းတွင်မူ ပိဿာချိန် ၁၁၀၀၀၀ ဝန်းကျင်သာ ဝင်ရောက်သည် ဟုသိရသည်။

အိန္ဒိယ၌ ၂၀၁၉ မိုးရာသီတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ကြက်သွန်ထွက်ရှိမှု လျော့နည်းမည် စိုး၍ အိန္ဒိယ အစိုးရအနေဖြင့် ပြည်ပ သို့ ကြက်သွန်နီတင်ပို့မှုကို စက်တင် ဘာလတွင် ပိတ်ခဲ့သည်။ ထို့ကြောင့် ကြက်သွန်နီ တင်သွင်းနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အခက် အခဲ ဖြစ်လာရသည်။ သို့ဖြစ်၍ စက်တင်ဘာလလယ် နောက်ပိုင်းမှ စ၍ မြန်မာနိုင်ငံဘက်မှ ဝယ်ယူတင် သွင်းလာရာ မြန်မာနိုင်ငံတွင် ကြက်သွန်နီ ဈေးအတက်ကြမ်း လာ ရသည်။
မြန်မာပြည်တွင်း ကြက်သွန်စိုက် ပျိုးထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု ၊ ပြည်ပတင်ပို့မှုနှင့် ယခုကာလ ပြည်တွင်း လက်ကျန်ပမာဏတို့ကို တရားဝင် အသိပေးထုတ်ပြန်ခြင်း မရှိသည့် အတွက် ကြက်သွန်နီ လက်ဝယ်ရှိသူများနှင့် ဝယ်ရောင်းအချို့တို့၏ သတင်း ပေးပြောကြားချက်အရ ရန်ကုန် ဈေးကွက် ကြက်သွန်နီများ အတက်ကြမ်း လာရခြင်းလည်း ဖြစ်သည်။
<zawgui>

Monday , November 4 , 2019

0 comments:

Post a Comment