Sunday, November 3, 2019

မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောကြားချက်အပေါ် ပြန်လည်တုံ့ပြန်

Image may contain: 1 person, standing and textImage may contain: 1 person

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၃-၁၁-၂၀၁၉ ရက်နေ့တွင် ကျင်းပသည့် (၁၀) ကြိမ် မြောက်အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရေးနှင့် နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ မြန်မာနှင့်အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စမှာ အလွန်သိမ်မွေ့ရှုပ်ထွေးသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ မိမိတို့လက်ရှိ အစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသ၌ ရောက်ရှိနေကြသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ပြဿနာ၏ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားရန် လိုအပ်ကြောင်း၊ မိမိတို့ ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန်တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင်သဘောတူညီချက်တို့နှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွါသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် အေးချမ်းလုံခြုံစွာဖြင့် ပြန်လာနိုင်မည့် အသင့်လျော်ဆုံး ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်နေမှုကို ကူညီပံ့ပိုးပေးကြသည့် အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် AHA Centre တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတသည့် ချဉ်းကပ်မှုဖြင့် အကူညီပေးနေကြသော မိတ်ဆွေများ၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်တုန့်ပြန် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
<<Zawgyi>>
မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောကြားချက်အပေါ် ပြန်လည်တုံ့ပြန်
Monday , November 4 , 2019

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၃-၁၁-၂၀၁၉ ရက်နေ့တွင် ကျင်းပသည့် (၁၀) ကြိမ် မြောက်အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရေးနှင့် နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ မြန်မာနှင့်အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စမှာ အလွန်သိမ်မွေ့ရှုပ်ထွေးသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ မိမိတို့လက်ရှိ အစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသ၌ ရောက်ရှိနေကြသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ပြဿနာ၏ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားရန် လိုအပ်ကြောင်း၊ မိမိတို့ ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏ လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန်တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင်သဘောတူညီချက်တို့နှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွါသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် အေးချမ်းလုံခြုံစွာဖြင့် ပြန်လာနိုင်မည့် အသင့်လျော်ဆုံး ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်နေမှုကို ကူညီပံ့ပိုးပေးကြသည့် အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် AHA Centre တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတသည့် ချဉ်းကပ်မှုဖြင့် အကူညီပေးနေကြသော မိတ်ဆွေများ၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်တုန့်ပြန် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

0 comments:

Post a Comment