Sunday, November 3, 2019

ဆီးရီးယားတွင် အမေရိကန်စစ်ဖက်ယာဉ်တန်းအား တူရကီကျောထောက်နောက်ခံ စစ်သွေးကြွတို့တိုက်ခိုက်ဟု ရုရှားကာကွယ်ရေးဋ္ဌာနပြောဆို

Image may contain: one or more people and outdoorNo photo description available.

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အီရတ်နယ်စပ်သို့ ဦးတည်သွားနေသော အမေရိကန်စစ်ဖက်ယာဉ်တန်းအား တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွတို့က မြေပြင်တိုက်ခိုက်မှု့ ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု့ မရှိသော်လည်း အဆိုပါဒေသမှ အမေရိကန်တပ်များ ဆုတ်ခွာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အမေရိကန်စစ်ဖက်ယာဉ်တန်းသည် တူရကီ-ဆီးရီးယားနယ်ခြားမျဉ်းနှင့်အပြိုင်တည်ရှိသော အမှတ် M4 ကားလမ်းမကြီးပေါ်တွင် သွားလာနေခိုက် တယ်တာမာမြို့အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဆို၏။
တနင်္ဂနွေနေ့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၌ နိုဝင်ဘာ ၃-ရက်နေ့တွင် အမေရိကန်ဝန်ထမ်းများအား တူရကီလိုလားသော “ ဆီးရီးယန်းအမျိုးသားတပ် “ တို့က ပစ်ခတ်တိုက်ကြောင်း၊ သို့သော် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်ကြောင်း၊ ပဋိပက္ခရပ်စဲရေး အစီအစဉ်အရ ကင်းလှည့်နေသော ရုရှားစစ်ရဲများက သတင်းရရှိသည်ဟု ဖော်ပြထားသည်။
တပ်ဖွဲ့ဝင်များရုတ်သိမ်းမည့်အကြောင်း ဒေါ်နယ်ထရမ့်က ကြေညာစဉ် တပ်ဖွဲ့ဝင်အားလုံး ရုတ်သိမ်းခြင်း မရှိပဲ အချို့မှာ အီရတ်နိုင်ငံဖက်သို့ ဦးတည် ရွှေ့ပြောင်းသွားခြင်းဖြစ်သည်။ ယမန်နေ့ ပစ်ခတ်ခံရမှုမှာ ထိုသို့ ဆုတ်ခွာဆဲ၌ ဖြစ်ပွားပုံရသည်။ အခြားသော အမေရိကန်တပ်ဖွဲ့ဝင်များမှာ ကာ့တို့ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ လုပ်ကိုင်နေသည့် နေရာအနှံ့အပြားရှိ ရေနံတွင်းများကို စောင့်ကြပ်ပေးနေဆဲဖြစ်သည်။ ဒေါ်နယ်ထရမ့်ကလည်း “ ကျွန်တော်တို့ ရေနံလိုပါတယ်။ ရေနံတွင်းတွေကို ထိန်းထားရမယ် “ ဟု သောကြာ နေ့တွင် သတင်းထောက်များအား ပြောဆိုသည်။
လွန်ခဲ့သည့်လ တူရကီ၏ ဆီးရီးယားမြောက်ပိုင်းချေမှုန်းရေး အပစ်အခတ်မရပ်စဲမီ ၎င်းတို့အား တူရကီဘက်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်၏ ဝန်ခံချက်တစ်စုံတစ်ရာ ရရှိရန် အဆက်အသွယ် မရရှိကြောင်း သတင်း၌ဖော်ပြသည်။
Image may contain: text
<<Zawgyi>>
ဆီးရီးယားတွင် အမေရိကန်စစ်ဖက်ယာဉ်တန်းအား တူရကီကျောထောက်နောက်ခံ စစ်သွေးကြွတို့တိုက်ခိုက်ဟု ရုရှားကာကွယ်ရေးဋ္ဌာနပြောဆို။
Monday , November 4 , 2019

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အီရတ်နယ်စပ်သို့ ဦးတည်သွားနေသော အမေရိကန်စစ်ဖက်ယာဉ်တန်းအား တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွတို့က မြေပြင်တိုက်ခိုက်မှု့ ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု့ မရှိသော်လည်း အဆိုပါဒေသမှ အမေရိကန်တပ်များ ဆုတ်ခွာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။
အမေရိကန်စစ်ဖက်ယာဉ်တန်းသည် တူရကီ-ဆီးရီးယားနယ်ခြားမျဉ်းနှင့်အပြိုင်တည်ရှိသော အမှတ် M4 ကားလမ်းမကြီးပေါ်တွင် သွားလာနေခိုက် တယ်တာမာမြို့အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဆို၏။
တနင်္ဂနွေနေ့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရာ၌ နိုဝင်ဘာ ၃-ရက်နေ့တွင် အမေရိကန်ဝန်ထမ်းများအား တူရကီလိုလားသော “ ဆီးရီးယန်းအမျိုးသားတပ် “ တို့က ပစ်ခတ်တိုက်ကြောင်း၊ သို့သော် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်ကြောင်း၊ ပဋိပက္ခရပ်စဲရေး အစီအစဉ်အရ ကင်းလှည့်နေသော ရုရှားစစ်ရဲများက သတင်းရရှိသည်ဟု ဖော်ပြထားသည်။
တပ်ဖွဲ့ဝင်များရုတ်သိမ်းမည့်အကြောင်း ဒေါ်နယ်ထရမ့်က ကြေညာစဉ် တပ်ဖွဲ့ဝင်အားလုံး ရုတ်သိမ်းခြင်း မရှိပဲ အချို့မှာ အီရတ်နိုင်ငံဖက်သို့ ဦးတည် ရွှေ့ပြောင်းသွားခြင်းဖြစ်သည်။ ယမန်နေ့ ပစ်ခတ်ခံရမှုမှာ ထိုသို့ ဆုတ်ခွာဆဲ၌ ဖြစ်ပွားပုံရသည်။ အခြားသော အမေရိကန်တပ်ဖွဲ့ဝင်များမှာ ကာ့တို့ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ လုပ်ကိုင်နေသည့် နေရာအနှံ့အပြားရှိ ရေနံတွင်းများကို စောင့်ကြပ်ပေးနေဆဲဖြစ်သည်။ ဒေါ်နယ်ထရမ့်ကလည်း “ ကျွန်တော်တို့ ရေနံလိုပါတယ်။ ရေနံတွင်းတွေကို ထိန်းထားရမယ် “ ဟု သောကြာ နေ့တွင် သတင်းထောက်များအား ပြောဆိုသည်။
လွန်ခဲ့သည့်လ တူရကီ၏ ဆီးရီးယားမြောက်ပိုင်းချေမှုန်းရေး အပစ်အခတ်မရပ်စဲမီ ၎င်းတို့အား တူရကီဘက်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်၏ ဝန်ခံချက်တစ်စုံတစ်ရာ ရရှိရန် အဆက်အသွယ် မရရှိကြောင်း သတင်း၌ဖော်ပြသည်။
Ref-#Russia_Today #HtayOung #OungMarine #Myanmar_Online_News #ဆီးရီးယား #အမေရိကန်စစ်ဖက်ယာဉ်တန်း #တူရကီ

0 comments:

Post a Comment