အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုင်အိုစီ)၏ ကိုယ်စား ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကို ဘင်္ဂါလီများအပေါ် လူမျိုးဖြုတ်မှု စွပ်စွဲချက်ဖြင့် ICJ ၌ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
ဘင်္ဂါလီများအပေါ် လူမျိုးဖြုတ်မှု ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ကုလသမဂ္ဂ ကမ္ဘာ့တရားရုံး၌ မြန်မာ နိုင်ငံအတွက် ခုခံချေပမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်နေပြီး အစိုးရနှင့်တပ်မတော်တို့မှ ဥပဒေကျွမ်းကျင်သူများသည်လည်း ပူးပေါင်းဆောင်ရွက် နေကြောင်း သိရပြီး ကုလသမဂ္ဂ ကမ္ဘာ့တရားရုံး ( ICJ )၌ ခုခံလျှောက်လဲမည့် ဥပဒေ အကျိုးဆောင်အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ICJ တည်ရှိရာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထား သည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မကြာမီကာလအတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ ကမ္ဘာ့တရားရုံးတွင် ဂမ်ဘီယာ၏ အထက်ပါစွဲချက်နှင့်ပတ်သက်၍ ICJ က ယခုနှစ်ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိစစ်ဆေးကြားနာမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
နိုင်ငံတော်၏အတိုင်ပင်ခံနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံရန်ရှိနေပြီး ICJ တွင် တရားစွဲဆိုခံထားရမှုအားခုခံချေပနိုင်ရေးအတွက် အစိုးရနှင့်တပ်မတော် ပူးပေါင်းဆောင်ရွက်
Friday , November 22 ,2019
အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုင်အိုစီ)၏ ကိုယ်စား ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကို ဘင်္ဂါလီများအပေါ် လူမျိုးဖြုတ်မှု စွပ်စွဲချက်ဖြင့် ICJ ၌ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
ဘင်္ဂါလီများအပေါ် လူမျိုးဖြုတ်မှု ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ကုလသမဂ္ဂ ကမ္ဘာ့တရားရုံး၌ မြန်မာ နိုင်ငံအတွက် ခုခံချေပမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းဆောင် ရွက်နေပြီး အစိုးရနှင့်တပ်မတော်တို့မှ ဥပဒေကျွမ်းကျင်သူများသည်လည်း ပူးပေါင်းဆောင်ရွက် နေကြောင်း သိရပြီး ကုလသမဂ္ဂ ကမ္ဘာ့တရားရုံး ( ICJ )၌ ခုခံလျှောက်လဲမည့် ဥပဒေ အကျိုးဆောင်အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ICJ တည်ရှိရာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထား သည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မကြာမီကာလအတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ ကမ္ဘာ့တရားရုံးတွင် ဂမ်ဘီယာ၏ အထက်ပါစွဲချက်နှင့်ပတ်သက်၍ ICJ က ယခုနှစ်ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိစစ်ဆေးကြားနာမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment