Friday, May 22, 2020

လက်နက်နှင့် မူးယစ်ဆေးဝါး ကျပ်ဘီလီယံနှင့်ချီ၍ ဖမ်းမိခဲ့သည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့သည် AA နှင့်ပတ်သက်ကြောင်း တပ်မတော်ပြောဆို

ရှမ်း(မြောက်)ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးဒေသ၌ လက်နက်နှင့် မူးယစ်ဆေး ကျပ်ဘီလီယံနှင့်ချီ၍ ဖမ်းမိခဲ့သည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့သည် AA အဖွဲ့နှင့် ပတ်သတ်မှုရှိကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
မေ(၂၂)ရက်၌ နေပြည်တော်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက် တာလည်းဖြစ်ပါတယ်။
“ဆက်စပ်တဲ့လမ်းကြောင်းတွေရှိပါတယ်။ ဆက်စပ်တဲ့လမ်းကြောင်း အခိုင်အမာရှိတယ်လို့ ပြောနိုင်တယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့သည့် မတ်လအတွင်း၌ ကောင်းခါးပြည်သူ့စစ်ထိန်းချုပ်ရာဒေသ၌ လက်နက်နှင့် မူးယစ်ဆေး ကျပ်ဘီလီ ယံနှင့်ချီ၍ တပ်မတောာ်က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် တပ်မတော်မှ ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့သလို လက်နက်ဖြုတ်သိမ်းမှုများကိုလည်း ပြုလုပ်ခဲ့ပါတယ်။
Ref ; People Media

0 comments:

Post a Comment