Tuesday, May 19, 2020

AA အကြမ်းဖက်အဖွဲ့များမှ ဒေသခံများမရှိခိုက် ပေါက်တောပြင်ရွာရှိ အိမ်များမှ ပစ္စည်းများအား လုယူကာ အိမ်များအားဖျက်ဆီး

Image may contain: tree and outdoor

AA အကြမ်းဖက်အဖွဲ့များမှ ဒေသခံများမရှိခိုက် ပေါက်တောပြင်ရွာရှိ အိမ်များမှ ပစ္စည်းများအား လုယူကာ အိမ်များအားဖျက်ဆီးသွားကြောင်း ဒေသခံများမှ ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာတွင်AA အကြမ်းဖက်အဖွဲ့များ ဝင်ရောက်ခိုအောင်းနေမှုကြောင့် တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက် တိုက်ပွဲများအပြင်းအ ထန်ဖြစ်ပွားခဲ့ပြီး ဆရာတော်အပါအဝင် ရွာသူ/ရွာသားများလူဦးရေ နှစ်ထောင်ကျော်ခန့် စေတီပြင်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ (၂)လနီးပါ တိမ်းရှောင်ခဲ့ရသည်။ ထိုသို့တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်ရှင်း လင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများ ပြန်ထွက် သွားချိန်တွင် AA အဖွဲ့များမှ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ပြီး လူမနေသောအိမ်များအား ဖောက်ထွင်းကာ ပစ္စည်းများယူဆောင်သွားကြပြီး အိမ်များအား ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးမှ အတည်ပြုပြောဆိုသည်။
“ တပ်ကဝင်ရှင်းပြီး AA အကြမ်းဖက်အဖွဲ့များကသူတွေကို ဖမ်းပြီးပြန်သွားတာကြာပြီ၊ တပ်စစ်ကြောင်း တွေကော AA စစ်ကြောင်းတွေကော ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ထွက်သွားလို့ ရွာသားတွေ လာကြည့်တုန်းက အား လုံးအကောင်း၊ တနင်္ဂနွေနေ့တုန်းက AA တွေပြန်ရောက်လာလို့ ရွာမှာတိုက်ပွဲဖြစ်မှာကြောင့် အကုန်စစ်ရှေင်စခန်းကို ပြန်ခဲ့ကြတာ၊ အခုမုန်တိုင်းလာနေပြီမို့ စားစရာ လာပြန်ယူကြတာ၊ ရွာရောက်တဲ့အချိန်ကြတော့ ဘာမှမရှိတော့ဘူး၊ အိမ်တံခါးတွေကိုဖျက်ပြီး လိုချင်တာအကုန် ယူသွားကြတယ်၊ အခုမုန်တိုင်းကလာ စားစရာကမရှိနဲ့ တော်တော်လေးကို ဒုက္ခရောက်နေကြပြီ ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးကပြောသည်။
AA အဖွဲ့များအနေဖြင့် တပ်စစ်ကြောင်းများ မရှိချိန်၌ ပေါက်တောပြင်ရွာအားလာကာ ၎င်းတို့အဖွဲ့အတွက် လူနှင့် ရိက္ခာများ (၁၀)မက လာရောက်တောင်းရမ်းယူဖူးကြောင်း ၎င်းက ဆက်ပြောသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ယိုးတရုပ် ၊ ကျောက်ဆိပ်၊ လက်ဝဲစာတိုက်၊ သာစည်၊ စေတီပြင်၊ ပိုးရှီပြင်၊ ပေါက်တောပြင် စသည့် ကျေးရွာများတွင် ယာယီစခန်းများပြုလုပ်ကာနေထိုင်နေပြီး နီးစပ်ရာကျေးရွာများတွင် ဆက်ကြေးကောက်ခြင်း၊ လူသစ်ဆွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဖြစ်လုပ်ခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်ရှင်း လင်းခဲ့ရပြီး တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ တိုက်ပွဲလွှတ်ရာ နေရာများသို့အသီးသီးထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
No photo description available.
No photo description available.
No photo description available.
No photo description available.
Ref ; May Yu Nadi

0 comments:

Post a Comment