Tuesday, May 19, 2020

(ဝ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

Image may contain: one or more people and people standing

တပ်မတော်အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများဆောင်ရွက်လျက်ရှိ သည်။

ယနေ့နေ့လည်ပိုင်းတွင် (ဝ)ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူ ဒါန်းသည့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများကို ပန်ဆန်းမြို့၊ အမျိုးသ မီးရေးရာအဖွဲ့ချုပ်ရုံး၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက သွားရောက်ပေးပို့လှူဒါန်းရာ UWSA (ဝ)အဖွဲ့မှ ဒုတိယဥက္ကဌ ဦးရှောက်မီလျှံနှင့် အဖွဲ့ဝင်များက ကြိုဆိုကြသည်။
ဦးစွာ တိုင်းမှူးက (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူ ပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၄၀၀၀၀ ခု၊N 95 Mask ၂၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Personal Protective Equipment PPE ဝတ်စုံ ၁၀၀၀ စုံ၊Hand Gel ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူးHand Sanitizer ၁၅၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ UWSA (ဝ)အဖွဲ့မှ ဒုတိယဥက္ကဌ ဦးရှောက်မီလျှံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုသို့ ကျေးဇူးတင်စကားပြောကြားရာတွင် ဦးရှောက်မီလျှံက (ဝ)ဒေသနှင့် တပ်မတော်၏ ဆက်ဆံရေး နှစ် ၃၀ ကျော်ရှိပြီဖြစ်ပြီး အဘက်ဘက်မှ ကူညီပံ့ပိုးပေးမှုများ ရှိခဲ့ကာ ဆက်လက်၍ အပြန်အလှန် ကူညီသွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာပြည် အတွင်းပိုင်းဒေသများ၌ ကျောင်းတက်၊ အလုပ်လုပ်နေကြသည့် (ဝ)တိုင်း ရင်းသားများ ကိုလည်း လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးစေလိုပါကြောင်း၊ ယခုကဲ့သို့ ကူညီ ပေးမှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့ပြင့် UWSA (ဝ)အဖွဲ့မှ ဥက္ကဌ ဦးပေါက်ယိုချန်းကလည်း တပ်မတော်မှ ယခုကဲ့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း လှူဒါန်းပေးပို့ကူညီသည့်အတွက် (ဝ) တိုင်းရင်းသားများကိုယ်စား နှစ်နှစ်ကာကာကျေးဇူးတင်ရှိပါကြောင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အားလပ်သင့်တော်သည့်အချိန်တွင် (ဝ)ဒေသသို့ လာရောက်လမ်းညွှန်မှုပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ကျေးဇူးတင်လွှာပေးအပ် ခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပန်ဆန်းမြို့ရှိ UWSA (ဝ)အဖွဲ့ဌာနချုပ် သို့သွားရောက်၍ ဒုတိယဥက္ကဌ ဦးရှောက်မီလျှံ၊ ဦးကျောက်ကော်အန်းတို့ ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုန်၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်၊ ဟွေအောနှင့် မုန်းကျွတ်ဒေသတို့ရှိ UWSA (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း မေလ ၁၂ ရက်မှစ၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များစေလွှတ်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No photo description available.
သတင်းစဉ်

0 comments:

Post a Comment