Tuesday, May 19, 2020

KNU/KNLA တပ်မဟာ(၅)အဖွဲ့များ၏ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံရွာသူ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်

No photo description available.

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ကျေးရွာသူ၊ ကျေးရွာသားများ သည် မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကမမောင်းမြို့နှင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသအတွင်းများသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ KNU/KNLA တပ်မဟာ(၅) အဖွဲ့များက လူသစ်စုဆောင်းမှုများဆောင်ရွက်လာသဖြင့် မေ ၁၆ ရက်တွင် မဲကုလား ကျေးရွာ၊ ကမ်းနားကျေးရွာ၊ ထီးဘောခို့ကျေးရွာ၊ ကျောက်သင်္ဘောကျေးရွာနှင့် ကျောက်ကွင်း ကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း ၆၁ ဦးတို့ သည် ကမမောင်းမြို့အတွင်းရှိ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်အသီးသီးသို့လည်းကောင်း၊ ကျောက်ကွင်းကျေးရွာ၊ ဇာကော့လုံကျေးရွာ၊ ကိုလူပျိုကျေးရွာ၊ မဲပလီခီးကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား ၄၆ ဦးတို့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ လဲလွန်းမြိုင် ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း၊ မေ ၁၇ ရက်တွင် မဲပလီခီးကျေးရွာနှင့် မဲကုလားကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား ၂၁ ဦးသည် လှိုင်းဘွဲမြိ့နယ်၊ မြိုင်ကြီးငူ အထူးဒေသ၊ နန်းဟေမြိုင်ရပ်ကွက်ရှိ ဆွေမျိုး၊ မိတ်ဆွေများ၏ နေအိမ်များသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။
KNU/KNLA အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) တွင် လက် မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ လူသစ် စုဆောင်းမှုများဆောင်ရွက်ခြင်းသည် NCA စာ ချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းဖြစ် သဖြင့် သက်ဆိုင်ရာမှတစ်ဆင့် သတိပေးတားမြစ်ကန့်ကွက်ဆောင်ရွက်သွားမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment