Tuesday, May 19, 2020

မူဆယ်မြို့နယ်၊ ခိုဝိန်းကျေးရွာအနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

No photo description available.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နံနက် ၄ နာရီခန့်တွင် ခိုဝိန်းကျေးရွာအနီးရှိ လူမနေသည့်အဆောက်အ ဦအတွင်းမှ ဘာရက်တာ ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ခြောက်လုံးပြူး ၁ လက်၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ အမ်-၁၆ မောင်းပြန်ရိုင်ဖယ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment