ဒီနေ့ မေလ(၃)ရက်မနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ဘို့ အစပျိုးနေတဲ့ INVEST-90B က NRL Active list မှာ ပြန်ပေါ်လာပါတယ်။
အခြေအနေကတော့ သိတ်မကောင်းလှပါ၊ ၁ နာရီ ၁၅ မိုင်နှုန်းလောက်ရှိတဲ့ လေဝဲစီးကြောင်းထဲမှာ ထုထည်ဖြစ်ပေးစရာ တိမ်ထုစုဖွဲ့မှု အားမကောင်းတာတွေ့ရပါတယ်။ အီကွေတာပေါ်မှာ ရှိနေတဲ့ တိမ်ထုတွေကလဲ တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်ခြမ်းက INVEST 94S နဲ့ မြောက်ဘက်ခြမ်းက INVEST 90B တို့ဆီ အလုံအလောက်ခွဲဝေမပေးနိုင်တော့ အဲ့ဒီ ၃ နေရာစလုံးမှာ အားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာဘို့က မလွယ်တော့မဲ့ ပုံပါဘဲ။
Global model တွေက ဘယ်လိုဘဲ ကြိုတင်ခန့်မှန်းမှုတွေပေးပေး ပင်လယ်ပြင်က တကယ့်အခြေအနေက မုန်တိုင်းဖြစ်လာနိုင်ဘို့ အားပျော့နေဆဲဖြစ်ကြောင်းပါ။
Crd : Win Naing'Fb #Myanmar_Online_News
0 comments:
Post a Comment