Monday, May 18, 2020

တိုင်းဝန်ကြီးချုပ် နှုတ်မိန့်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များကို ဖွင့်ခွင့်ပေးလိုက်ကြောင်း စည်ပင်ကိုယ်စားလှယ်များထံမှ သိရ

Image may contain: one or more people
ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များကို တိုင်းဝန်ကြီးချုပ်မှနှုတ်မိန့်ဖြင့် ဖွင့်ခွင့်ပေးလိုက်ကြောင်း စည်ပင်ကိုယ်စား လှယ်များ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ မေ(၁၈)ရက်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ အစည်းအဝေးခန်းမကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂) ၊ အတွင်းရေးမှူးများအားတွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်း အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ဖက်ရည်ဆိုင်တွေ ဖွင့်ခွင့်ပေးလိုက်တာပါ။ အစိုးရရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းချက်ကို ဆိုင်ရှင်တွေက လိုက်နာရမှာပါ။ ဘီယာဆိုင်တွေတော့ ဝန်ကြီးချုပ်ပြောတဲ့အထဲမှာ မပါပါဘူး”လို့ ရန်ကုန်မြို့တော်စည်ပင် ကိုယ်စားလှယ်တစ်ဦးကပြောကြားခဲ့သည်။
Image may contain: one or more people and people sitting
Image may contain: 1 person, sitting
Image may contain: 1 person, sitting, table and indoor
Ref : Phyo Min Thein'Fb
Crd : People

0 comments:

Post a Comment