Monday, May 18, 2020

COVID-19 ကြောင့် လွှတ်တော်လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်းဆောင်ရွက်သွားမည်ဖြစ်

Image may contain: indoor

ဒုတိယအကြိမ်မြောက် ၁၆ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် COVID-19 ကြောင့် မဖြစ်မနေဆောင်ရွက်ရမည့်လွှတ်တော်လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကပြောကြားသည်။

ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီအစည်းအဝေးကာလအတွင်းမှာ မဖြစ်မနေဆောင်ရွက်ကြရမယ့် ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် သတ်မှတ်ကာလအတွင်းအချိန်မီ ဆုံးဖြတ်အတည်ပြုကြရမယ့် လွှတ်တော်လုပ်ငန်းတာဝန်တွေကို အချိန်တိုအတွင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်'' ဟု ဦးတီခွန်မြတ်ကပြောသည်။
လွှတ်တော်များအစည်းအဝေးကို ယခင်က ဧပြီလ ၂၇ ရက်နေ့ ကျင်းပပြုလုပ်ရန် လျာထားသော်လည်း သက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကပ်ရောဂါကြောင့် လျာထားကာလထက်နောက်ကျပြီးကျင်းပခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ရန်ရှိသည့်ဥပဒေကြမ်း၊အဆို မေးခွန်းများအနက် ဥပဒေကြမ်းများနှင့်ကြယ်ပွင့်ပြမေးခွန်းများကို သတ်မှတ်အချက်များအတိုင်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်COVID-19 ရောဂါ ဖြစ်ပွားနေဆဲ အချိန်ဖြစ်သောကြောင့် ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့်လွှတ်တော် ကိုယ်စားလှယ်များနှင့်ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းသိရသည်။
ထို့အတူ COVID -19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးရန်အတွက်လည်း ကိုယ်စားလှယ်များအတွက် အဆင်ပြေဆုံး ဆောင်ရွက်ပေးထားကြောင်းလည်း ဦးတီခွန်မြတ် ကပြောသည်။
Image may contain: one or more people, people sitting, people standing and hat
Crd : TheFifthWave

0 comments:

Post a Comment