Monday, May 18, 2020

ယူအေအီးနိုင်ငံပိုင် Emirates လေကြောင်းလိုင်းမှဝန်ထမ်း ၃ သောင်းကို အလုပ်ထုတ်ပြီး စရိတ်လျှော့ချရန် စီစဉ်နေကြောင်း သိရ

Image may contain: airplane
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံပိုင် အီမရိတ်လေကြောင်းလိုင်းဟာ COVID-19 ကပ်ဘေးကြောင့် ဝန်ထမ်း သုံးသောင်းလောက်ကို တာဝန်က ထုတ်ပယ်ပြီး ကုန်ကျစရိတ်လျှော့ချဖို့ ရှိနေတယ်လို့ မေ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီဟာ အခုအချိန်ထိ လူသိရှင်ကြားထုတ်ပြန်မှု မလုပ်သေးပေမယ့် ကုန်ကျစရိတ်တွေကို စစ်ဆေးနေတယ်လို့တော့ အီမရိတ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ဘလွန်ဘာ့ဂ် သတင်းဌာနက ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ အီမရိတ်ဟာ အကြွေးတွေ တိုးလာနိုင်တယ်လို့ အခုလဆန်းပိုင်းကပဲ ထုတ်ပြောခဲ့ပါတယ်။
ယူအေအီးနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ အီမရိတ်ဟာ ပုံမှန်ခရီးသည် တင်ပြေးဆွဲမှုကို ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်ဆိုင်းထားခဲ့ရပါတယ်။
ကုမ္ပဏီဟာ မတ်လကုန် အဆုံးသတ်တဲ့ ဘဏ္ဍာရေးနှစ်မှာ အမြတ် ၂၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပေမဲ့ ကပ်ဘေးကြောင့် စတုတ္ထသုံးလပတ် ဘဏ္ဍာရေးကာလမှာ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
No photo description available.
Crd : DVB

0 comments:

Post a Comment