Sunday, May 3, 2020

အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌး ပြောကြားပြီးနောက်ပိုင်း မောင်တောမြို့နယ်တွင် အင်တာနက်လိုင်း ပြန်လည်ရရှိ

Image may contain: people standing and outdoor

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံမှုတွင် ပြောကြားခဲ့သည့်အတိုင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်တစ်ဝိုက်တွင် မေလ ၂ရက် ညနေမှ စပြီး အင်တာနက်လိုင်း ပြန်လည် ရရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော်လည်း လတ်တလောတွင် မောင်တော၌ MPT လိုင်းတစ်ခုတည်းသာရရှိသေးသည်ဟု သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံခဲ့သည့် မေလ ၁ ရက်နေ့ က AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ သက်ရောက်မှူမရှိတော့သော ရခိုင် ပြည်နယ် မြို့ နယ်တခု အင်တာနက်ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး နောက်တစ်နေ့တွင် မောင်တောမြို့နယ်တွင် အင်တာနက်လိုင်း ပြန်ပွင့်လာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် MPT အပါအဝင် Ooredoo၊ Telenor နှင့် Mytel အစရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏ အင်တာနက်သုံးစွဲခွင့်ကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ ဆက်သွယ်ရေးဝန်ကြီးဌာနက ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်လေးခုနှင့် ပလက်ဝမြို့နယ်များတွင် အင်တာလိုင်းပြန်ဖွင့်ပေးခဲ့သေးသည်။ သို့သော် ယင်းမြို့နယ် ၅ ခုသည် ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထပ်မံအပိတ်ခံခဲ့ရကြောင်း သိရသည်။
Image may contain: sky, outdoor and nature
Image may contain: sky, cloud and outdoor
Image may contain: one or more people, people standing and outdoor

0 comments:

Post a Comment