Monday, May 18, 2020

ရောဂါကူးစက်ခံထားရသော ဉပဒေပြုအမတ်များနှင့်တွေ့ဆုံခဲ့သော ချီလီနိုင်ငံ သမ္မတရုံးဝန်ကြီးများနှင့် ဘဏ္ဍာရေးဝန်ကြီးများ quarantine ဝင်ခဲ့ရ

Image may contain: 22 people, people standing, suit and indoor

ချီလီနိုင်ငံ ကွန်ဂရက်တွင် ဆွေးနွေးမှုများပြုလုပ်နေစဉ်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစမ်းသပ်တွေ့ရှိသည့် ချီလီနိုင်ငံသားဉပဒေပြုအမတ်များနှင့် အနီးကပ်ထိတွေ့ မှုရှိခဲ့သူများကို quarantine ဝင်ရမည်ဖြစ်ကြောင်း ထိပ်တန်းအစိုးရအဖွဲ့ဝန်ကြီးများမှ ‌မေလ ၁၇ ရက်နေ့တွင်‌ပြောကြားခဲ့ပါသည်။

ချီလီဘဏ္ဍာရေးဝန်ကြီး Ignacio Briones နှင့် သမ္မတရုံးအထွေထွေ အတွင်းရေးမှူး Felipe Ward တို့နှစ်ဦးစလုံးမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါစမ်းသပ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိခဲ့သော်လည်း သတ်မှတ်ထားသည့်အတိုင်း quarantine ဝင်ရမည်ဖြစ်ကြောင်း၎င်းတို့၏ Twitter ပေါ်တွင်ပြောကြားခဲ့ပါသည်။
အဆိုပါ ကွန်ဂရက်အတွင်း ရောဂါကူးစက်ခံထားရသော ဉပဒေပြုလွှတ်တော်အမတ်များ နှင့် တွေ့ဆုံမှုအပြီးနောက်တွင် အနည်းဆုံးဉပဒေပြုလွှတ်တော်အမတ် ၂၃ ဦး quarantine ဝင်ရမည်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ကြေးနီအများဆုံးထုတ်လုပ်ပေးသည့် ချီလီနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၃,၇၈၁ ရှိပြီး သေဆုံးသူ ၄၅ ဦးရှိကြောင်း အတည်ပြုထုတ်ပြန် ထားပါသည်။
Source : Reuters
Chile finance, presidency ministers in quarantine after meeting with infected lawmakers

0 comments:

Post a Comment