Tuesday, May 19, 2020

တာလီဘန်၊ အာဖဂန်နစ္စတန် အရာရှိများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် အမေရိကန်သံအမတ် တိုက်တွန်း

Image may contain: 1 person, suit

မေလ ၁၈ ရက်နေ့တွင် အမေရိကန် အကြီးတန်းသံအမတ်တစ်ဦးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်ပတ်သက်၍ တာလီဘန်၊ အာဖဂန်နစ္စတန် အစိုးရအရာရှိများအား တိုက်တွန်းပြောကြားရန် Doha မြို့နှင့် Kabul မြို့သို့ ထွက်ခွာခဲ့ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအား ဆုတ်ခွာခွင့်ပြုရန် မျှော်လင့်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

မေလ ၁၇ ရက်နေ့တွင် အာဖဂန်နစ္စတန်သမ္မတနှင့် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အာဖဂန်နစ္စတန် နိုင်ငံရေးသမား Abdullah Abdullah သည် အာဏာမျှဝေရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ နောက်တစ်ရက်တွင် အာဖဂန် နစ္စတန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad သည် Doha မြို့နှင့် Kabul မြို့သို့ ထွက်ခွာခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် နိုင်ငံ၏ ကာလကြာဖြစ်ပွားခဲ့သည့် နိုင်ငံရေးပဋိပက္ခအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြစ်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့တွင် စတင်မည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆွေးနွေးမှု များတွင် အဓိကအဟန့်အတား သုံးခုမှာ အကြမ်းဖက်မှုများ များပြားလာခြင်း၊ အကျဉ်းသားများ အလျင်အမြန်လွှတ်ပေးခြင်းနှင့် အာဏာခွဲဝေရာတွင် အာဖဂန်သမ္မတ Ghani နှင့် နိုင်ငံရေးသမား Abdullah တို့၏ ပျက်ကွက်မှုများ ဖြစ်ပါသည်။
Khalilzad သည် Doha မြို့သို့ ရောက်ရှိနေစဉ်အတွင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အမေရိကန်-တာလီဘန် သဘောတူညီချက်အား အကောင်အထည်ဖော်ရေးအတွက် တာလီဘန်များနှင့် ဆွေးနွေးမှုပြုလုပ်ရန် တွေ့ဆုံမည်ဖြစ်သည်။ အဆိုပါသဘောတူညီချက် သည် နှစ်ဘက်စလုံးမှ အကျဉ်းသားများအား လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ လျှော့ချခြင်းအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆွေးနွေးမှုများစတင်ရန်အတွက် လိုအပ်သည်များကို တွန်းအားပေးရန် တောင်းဆိုထားကြောင်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
Khalilzad သည် မကြာမီစတင်မည့် အာဖဂန်နစ္စတန်နိုင်ငံတွင်း ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အာဖဂန်အစိုးရအနေဖြင့် လုပ်ဆောင်ရမည့်အဆင့်များကို လေ့လာ နိုင်ရန် အစိုးရအကြီးတန်းအရာရှိများနှင့် Kabul မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်မံ ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ သဘောတူညီချက်၏ ပြဋ္ဌာန်းချက်များတွင် အဓိက အချက်မှာ အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ၎င်း၏ တပ်ဖွဲ့ ၈,၆၀၀ အား ဇူလိုင်လလယ်တွင် လျှော့ချရန်နှင့် ၂၀၂၁ ခုနှစ်၊ မေလတွင် တပ်ဖွဲ့ အားလုံး ရုတ်သိမ်းပေးမည်ဟု အာဖဂန်နစ္စတန်အစိုးရသို့ ကတိပေးပြောကြားသည် ဆိုသော အချက်ပါရှိပါသည်။
Source - Reuters

0 comments:

Post a Comment